Mirror。Zhu Yan အပိုင်း (၁၂)

529 55 15
                                    

Uni code :

Mirror. Zhu Yan
~~~~~အပိုင်း (၁၂) ~~~~~
" စူးမော်"

တိုင်းပြည်ပြန်လည်တည်ထောင်ရေးတပ်ဖွဲ့များ ခိုးဝင်လာကာ လုပ်ကြံသတ်ဖြတ်နေချိန် အချိန်ကိုက်ပင် သမားတော်ရှန်းထူမှာ မြေအောက်ခန်းထဲတွင် ဆေးဝါးများ ပြင်ဆင်နေခိုက်ဖြစ်သဖြင့် ဤကံဆိုးမိုးမှောင်ကျခြင်းဖြစ်ရပ်မှ
ပုန်းရှောင်ပြီးသားဖြစ်သွားချေသည်။ သို့သော် အသက်(၅၀)ကျော်အရွယ် အနှီနဂါးမုဆိုးအိုကြီးမှာ မြေပြင်ပေါ်ရှိ လုပ်ဖော်ကိုင်ဖက်များ၏ ရုပ်အလောင်းများကို မြင်တွေ့လိုက်ရသည့်အခိုက် မထိန်းချုပ်နိုင်တော့ဘဲ
အမူအရာပျက်ယွင်းသွားချေတော့သည်။ နံဘေးရှိ မျက်စိရှင်ပြီး လက်မြန်လှသော တပ်မှူးမှာ သူ့အားဆွဲ၍ဖေးမထားလိုက်၍သာ တော်သေးပေသည်။

"အကုသိုလ်...အကုသိုလ်တွေလုပ်နေတာပဲ !" - သူသည် အမြင်အာရုံများမှုန်ဝါးနေပြီဖြစ်သော အိုမင်းရင့်ရော်နေသည့် မျက်လုံးကိုဖွင့်ကာ ခြေထောက်အား လက်သီးဆုပ်ဖြင့် ထုရိုက်ရင်း
ကြိမ်ဖန်တလဲလဲပြောနေလေသည်။
" ဒီအဖွဲ့ဟာ အနှေးနဲ့အမြန် ဝဋ်လည်တော့မှာ !"

" ကျွန်တော် တာဝန်လစ်ဟင်းသွားလို့ပါ ဘုရင်ခံအရှင်ဆီ ပြန်သွားပြီး ကိုယ်တိုင်ကိုယ်ကျ ပြစ်ဒဏ်ခံယူပါ့မယ်" - တပ်မှူး၏ မျက်နှာအမူအရာမှာလည်း သိပ်မကောင်းလှ။ သူသည်တီးတိုးသာ ဆိုလိုက်လေသည်။
" ဟုတ်ပါပြီ အရင်ဆုံးဝမ်းနည်းမနေပါနဲ့ဦး.......ဒီဘက်က မင်းသမီးကျူးယန်က လူနာကြည့်ပေးဖို့ ခင်ဗျားကိုစောင့်နေတယ်လေ ! "

" ဝက်.....ဘာဝက်လဲ?"
*(ကျူးယန်ရဲ့"ကျူး"နဲ့ ဝက်ဆိုတဲ့"ကျူး"က အသံထွက်တူပါတယ် )
သမားတော် ရှန်းထူသည် မျက်ရည်များအား သုတ်လိုက်ရင်း သက်ပြင်းချလိုက်လေသည်။
" မင်းကြည့်ပါဦး ဒီနေရာက လူတွေအားလုံး ဒီလိုပုံစံနဲ့သေကုန်ကြတာကို ~~ငါက ဘယ်လိုလုပ်ပြီးဝက်ကို စမ်းသပ်ကုသပေးချင်စိတ်ရှိနေပါတော့မလဲ ! "

" ...... "
ကျူးယန်သည် ဒေါသတကြီးဖြင့် မျက်ခုံးပင့်မိသွားရပြီး ထိုသူအား ပြေးရိုက်ချင်နေသည့်စိတ်ကို မနည်းချိုးနှိမ်ထားရချေသည်။ -----
' ဒီနဂါးမုဆိုးက အသက်ကြီးပြီး မျက်စိကလည်းမှုန် နားကလည်းလေးနေတာ.....အခုလည်း ရုတ်တရက်တိုက်ခိုက်တာကို ခံထားရသေးတာလေ ....ရှိပါစေတော့~~~သည်းခံ..သည်းခံ.. လုပ်ရမှာက သူ့ကို
လူနာကြည့်ပေးဖို့ တောင်းဆိုရုံပဲ ! '

Zhu Yan(Mirror. Zhu Yan) Novel Myanmar TranslationWhere stories live. Discover now