Mirror。Zhu Yanအပိုင်း (၁၁)

788 72 14
                                    


Uni ver:

Mirror. Zhu Yan

~~~~အပိုင်း (၁၁)~~~~
      ထူလုံ(နဂါးမုဆိုး)အိမ်

မြင်းလှည်းသည်  သူမတို့အားသယ်ဆောင်လျက် ယာယီချိနန်းဆောင်တော်မှ ဒုန်းစိုင်းထွက်လာပြီး လမ်းမကြီးတစ်လျှောက် အရှိန်ပြင်းစွာဖြင့် ရှေ့သို့ မောင်းနှင်သွားတော့သည်။

ယွင်ဟွမ်းကုန်းမြေ၏ အကြွယ်ဝဆုံး၊ အချမ်းသာဆုံးမြို့ ဖြစ်သည့်အလျောက် ယဲ့မြို့သည် လူနေထူထပ်ပြီး ကုန်သွယ်ရေးလုပ်ငန်းများလည်း ဖြစ်ထွန်းစည်ပင်ကာ ယွင်ဟွမ်းကုန်းမြေပေါ်ရှိ  အနယ်နယ်အရပ်ရပ်မှ
ကုန်သည်များသာမက အလယ်ပိုင်းလွင်ပြင်ဒေသနှင့် ပင်လယ်(၇)ခုရှိ ကုန်သည်များပါ အတူအကွ ဤမြို့၌စုဝေးရောက်ရှိနေကြပြီး ပြိုင်ဘက်တိုင်းပြည်၏ ကြွယ်ဝမှုများကို ဆောင်ယူလာကြပေသည်။
လမ်းမကြီးမှာ ကျယ်ဝန်းဖြောင့်ဖြူးနေပြီး လမ်းတစ်ဖက်တစ်ချက်တွင်မူ  တေးသီဆောင်များ၊ တည်းခိုဆောင်များ ပြွတ်သိပ်စွာတည်ရှိနေကြပြီး လမ်းတစ်လျှောက်ရှိ ဈေးဆိုင်များအတွင်းမှ
ပစ္စည်းပစ္စယများမှာလည်း မျက်စိကျစရာများပင်ဖြစ်နေချေသည်။

သို့သော် ကျူးယန်၌ ထိုအရာများကို ကြည့်ချင်စိတ်ကားရှိမနေ။ တစ်လျှောက်လုံး လည်တဆံ့ဆံ့ဖြင့်သာ အပြင်ဘက်ရှိ နန်းဆောင်အစေခံမှူးအား မနားတမ်းမေးနေလေသည်။
" ရောက်ဖို့ ဘယ်လောက်လိုသေးလဲ?  "

" ရောက်တော့မှာပါ ! ရောက်တော့မှာပါ! အရှေ့နားလေးတင်ပါပဲ"
နန်းဆောင်အစေခံမှူးသည် လှည်းမောင်းသမား၏ နံဘေး၌ထိုင်၍ တစ်နေရာကို  ညွှန်ပြရင်း သူမအား ‌ပြောလေသည်။
" အရှေ့ဘက်ဈေးအဆုံး ထောင့်ချိုးနားလေးမှာရှိတဲ့ အဲ့ဒီ့တစ်ထပ်အိမ်လေးထဲမှာပါ ~~အခုကို မြင်နေရပါပြီ "

မြင်းလှည်းသည် အလျင်အမြန်ပင်  လမ်းမကြီးမှ လမ်းကြားလေးထဲသို့ ကွေ့ဝင်၍ ဘယ်ကွေ့လိုက်ညာကွေ့လိုက်ဖြင့် သွားနေရင်း လမ်းမျက်နှာပြင်မှာ စတင်ကြမ်းတမ်းလာသဖြင့်  တဂျုံးဂျုံးတဂျိုင်းဂျိုင်းဖြင့်
ဆောင့်မိလာလေတော့သည်။ ကျူးယန်မှာ ကလေးအားပွေ့ကာ မြင်းလှည်းအတွင်း၌ ဇီးဖြူသီးစကောထဲထည့်လှိမ့်ခံရသကဲ့သို့ ယိမ်းထိုးခါယမ်းနေပေသည်။ မည်မျှကြာသွားသည်မသိ အဆုံးသတ်၌မူ
လှည်းမှာ ရပ်တန့်သွားချေသည်။ အပြင်ဘက်မှ နန်းဆောင်အစေခံမှူးဖြင့် လူစိမ်းတစ်ဦးတို့ အပြန်အလှန်စကားပြောနေသံကို ကြားနေရပြီး သူမသည် ခန်းဆီးအားလှပ်၍ ကြည့်လိုက်လေရာ မျှော်လင့်မထားဘဲ
ဝတ်စုံပြည့်ဝတ်ဆင်ထားသော စစ်သည်တော်တစ်ဦးအား တွေ့လိုက်ရပေသည်။

Zhu Yan(Mirror. Zhu Yan) Novel Myanmar TranslationWhere stories live. Discover now