Mirror. Zhu Yan အပိုင်း(၆) ပထမပိုင်း

879 82 9
                                    


    ~~~~~အပိုင်း《၆》~~~~~
အစီအရင်အား ဖျက်ဆီးခြင်း
               (ပထမပိုင်း)

Uni Ver:

မင်းသမီးကျူးယန်မှာ တစ်နေ့လုံး ရွှေရွက်ဖျင်တဲအတွင်းမှ ထွက်မလာချေ။

ယွိဖေးနှင့်ယွင်မန့် ညစာလာပို့သည့်အချိန်ထိ မင်းသမီးမှာ ထိုနေရာ၌ပင်ထိုင်နေဆဲဖြစ်ပြီး တုတ်တုတ်မျှမလှုပ်ဘဲ စာအုပ်တစ်အုပ်အား အာရုံစူးစိုက်စွာကြည့်ရှုနေလျက် ကိုယ်ဟန်အနေအထားမှာလည်း နေ့လယ်ခင်းတုန်းကအတိုင်း တစ်ပုံစံတည်းပင်။ စားပွဲပေါ်ရှိ နေ့လယ်စာပင် အရာမယွင်းသေး။ အစေခံမလေးနှစ်ယောက်မှာ အကြည့်ချင်းဖလှယ်လိုက်ကာ ကျိတ်ပြီးအံ့ဩသွားရလေသည်။

မင်းသမီးမှာ ငယ်စဉ်ကတည်းကပင် တင်ပါးပေါ်တွင်စူးပါသည့်အလား တစ်နေရာတည်းတွင် ဖင်မြဲအောင်ထိုင်တတ်သည့် သူမဟုတ်ချေ။ ဘယ်အချိန်တုန်းကများ တိတ်တိတ်ဆိတ်ဆိတ်ဖြင့် စာဖတ်တတ်သွားရပေသနည်း?ဒေါသထွက်စရာများဆက်တိုက်ကြုံရပြီးသည့်နောက် အမူအကျင့်များ ပြောင်းလဲသွားခြင်းပေလော?

အစေခံမလေးများမှာ စကားမပြောရဲ‌ဘဲ တိတ်တိတ်လေး ညစာကိုသာချထားပေး၍ ပြန်ထွက်သွားလေသည်။သို့သော်သူမတို့ ရွက်ဖျင်တဲအပြင်ဘက်သို့ ရောက်လျှင်ရောက်ချင်း လေသံတစ်ချက်ကြားလိုက်ရပြီး ပန်းကန်လုံးတစ်လုံးလွင့်ပျံထွက်လာကာ ယွင်မန့်၏ နောက်စေ့နှင့် မိတ်ဆက်မိလုနီးပါးပင်။

“ မင်းသမီး ဘာဖြစ်လို့လဲဟင်? ”
သူမတို့ အလောတကြီးမေးလိုက်ရလေသည်။
သို့သော် ခေါင်းလှည့်ကြည့်လိုက်လေရာ စာအုပ်ကိုကိုင်ပြီး ပါးစပ်ကနားရွက်တက်ချိတ်တော့မတတ် နှစ်ထောင်းအားရစွာပြုံးနေသည့် ကျူးယန်အားတွေ့လိုက်ရလေသည်။သူမသည် တံခါးအပြင်ဘက်သို့စိုက်ကြည့်နေရင်း ပြောလေသည်။
“ မင်းကြည့်! ပစ်လို့ရသွားပြီ ပစ်လို့ရသွားပြီဟေ့! ငါအောင်မြင်ပြီ.....ငါ‌ အောင်မြင်ပြီကွ!ပစ်လို့ရသွားပြီ!ဟားဟားဟား....”

ပြောပြီးသည်နှင့်သူမသည် ထိန်းချုပ်မရတော့ဘဲ အရူးတစ်ယောက်ကဲ့သို့ အပြင်ဘက်သို့တရှိန်ထိုးပြေးထွက်သွားလေသည်။ သို့သော် အဝင်ဝသို့ရောက်သွားသည်နှင့် ရုတ်တရက် ဒယီးဒယိုင်ဖြစ်သွားကာ မျက်နှာချင်းဆိုင်ရှိ အရာတစ်ခုခုက လက်သီးဖြင့်ထိုးခြင်းကို ခံလိုက်ရသည့်အလား အနောက်သို့လွှင့်ထွက်ကာ ပြုတ်ကျသွားလေတော့သည်!

Zhu Yan(Mirror. Zhu Yan) Novel Myanmar TranslationWhere stories live. Discover now