ရိပေါ် ချန်ချင်းကိုဒေါသထွက်ပီး ယွီပင်းကိုသွားကြည့်ဖို့မေ့သွားတယ်......
"Ring Ring Ring"
ရိပေါ်
"Hello !!!"
ကျိုးချန်
"ဟျောင့် ရိပေါ် မင်းမလာဘူးလား....ငါမင်းကိုစောင့်နေတာ....မင်းလာမှ ငါယွီပင်းအတွက်လိုအပ်တာလေးတွေ ပြန်ယူမလို့"
ရိပေါ်
"ငါမနက်မှပဲလာခဲ့တော့မယ်.....ငါစိတ်သိပ်မကြည်လို့....ခုငါအိမ်ပြန်နေပီ....."
ကျိုးချန်
"အင်း အဲ့ဒါဆိုလည်းပီးရောလေ...."
ရှောင်းကျန့် ဂျူတီချိန်ပီးတာနဲ့ သူ့ရဲ့ဂျူတီကုတ်လေးကိုချွတ်ပီး ကားပေါ်တင်ကာ...ကားမောင်းပီး အိမ်ပြန်လာခဲ့တယ်.......
တစ်နေရာအရောက်....
ရှေ့ကကားလာတာကိုမြင်ပီး ရိပေါ် အမြန်ဘရိတ်အုပ်လိုက်တယ်......
မတိုက်မိပေမဲ့ ကားပေါ်ကလူကဒေါသတကြီးနဲ့ဆင်းလာပီး....သူ့ကိုအော်တယ်.......
ရိပေါ်လည်း ကားပေါ်ကဆင်းလိုက်တယ်.....သူ့ရဲ့ရည်ရွယ်ချက်က အဲ့လူကိုထိုးဖို့.....
ရှောင်းကျန့်
"ဟေ့လူ...ကားကိုဘယ်လိုမောင်းနေတာလဲဗျ....ကားကိုသေချာကြည့်မောင်းလေ.....မတော်လို့ တိုက်မိသွားရင်ဘယ်လိုလုပ်မလဲ.....တကယ်ပဲ....."
ရိပေါ် သူ့ကိုအော်ပီးရန်တွေ့နေတဲ့သူကိုကြည့်ပီး အံ့သြပီးဘာမှမပြောနိုင်ပဲရပ်နေမိတယ်....
ရိပေါ်
(*wow! ချောလိုက်တာ..... မိန်းကလေးတွေတောင်ရှုံးရလောက်အောင်ချောတာပဲ.....အိုက်ယား....ငါ့ရင်တွေခုန်နေပီ......နှုတ်ခမ်းအောက်ကမှဲ့လေးကလည်း လူကိုတစ်မျိုးဆွဲဆောင်နေလွန်းတယ်.......ရှည်လျားတဲ့အရပ်....အသားညိုညိုလေးနဲ့ချောနေတဲ့သူလေး.....ငါရဲ့အသည်းနှလုံးတွေ ခုမှပဲ တဖြုတ်ဖြုတ်နဲ့ကြွေကုန်တာ......*)
ရိပေါ်စိတ်ထဲကတွေးနေပီး အပြင်ကတော့ဘာမှမပြောပဲကြောင်တောင်ကြီးရပ်နေတာကြောင့်.....
ရှောင်းကျန့်
"ဟေ့လူ....ပြောတာကြားရဲ့လား.....ခင်ဗျားနားကောကြာရဲ့လား......ဟေ့လူ ကျုပ်ပြောနေတယ်လေ.....အဖက်လေးဘာလေးလည်းလုပ်ဦး...."
(*ဘယ်လိုလူလဲမသိဘူး.....ဟွန့် ငါ့ဆေးရုံကလူတွေတွေ့ရင် ဒီဆရာဝန်အပေါက်ဆိုးပါလားလို့ထင်ခံရတော့မယ်....😒😒*)ရှောင်းကျန့်ပြောမှ ရိပေါ်သတိဝင်လာပီး....
ရိပေါ်
"အော် sorry ကျွန်တော်မမြင်လိုက်လို့......ခုကျွန်တော်ကိစ္စလေးရှိသေးလို့သွားလိုက်ပါဦးမယ်...."
(*ဟွန်း......ငါကြာကြာဆက်နေရင် သူ့ကိုအသည်းယားလွန်းလို့ ဆွဲနမ်းမိတော့မယ်......ငါချန်ချင်းနဲ့တောင် အဲ့လိုမဖြစ်ခဲ့ဖူးဘူး.....ငါ့ရဲ့အသည်းနှလုံးကို ပထမဆုံးကိုင်လှုပ်နိုင်တဲ့ တစ်ဦးတည်းသောသူလေး.....ငါမင်းကိုတွေ့အောင်ပြန်ရှာမယ်.....မင်းဘယ်သူလဲ....ဘယ်ကလဲ....ငါရအောင်စုံစမ်းပီး မင်းအနားရောက်အောင်လာခဲ့မယ်....😉😉😉*)ရိပေါ်ပြောပီး ကားပေါ်ပြန်တက်ပီး ကားမောင်းထွက်သွားတယ်.....
ရှောင်းကျန့်
"ဘယ်လိုလူလဲမသိဘူး...... ဒီနေ့တစ်နေ့လုံး ဘယ်လိုလူမျိုးတွေနဲ့လာတွေ့နေလဲမသိဘူး...တကယ်ပဲ စိတ်ဆင်းရဲတယ်....."
ရှောင်းကျန့်လည်း ပါးစပ်ကပွစိပွစိပြောပီး ကားမောင်းပီး သူ့အိမ်သူပြန်သွားတယ်.......
မနက်ရောက်တော့ ရှောင်းကျန့်အဝတ်စားလဲပီး ဆေးရုံကိုထွက်လာတယ်......
ရိပေါ်လည်း ယွီပင်းကိုကြည့်ဖို့ ဆေးရုံကိုထွက်လာခဲ့တယ်......
ရှောင်းကျန့်ရောက်တော့....
Nurse
"Morning Doctor "
ရှောင်းကျန့်
"ဟုတ် မောနင်း"
ရိပေါ်
"ဒီဆေးရုံမှာတင်ထားတဲ့ ယွီပင်း အခန်းနံပါတ်ဘယ်လောက်မှာလဲ သိချင်လို့"
Nurse
"အခန်းနံပါတ်.......... မှာပါ"
ရိပေါ်မေးပီးတာနဲ့ ယွီပင်းရှိတဲ့အခန်းဘက်ကိုသွားဖို့ဦးတည်လိုက်တော့......သူရှာနေတဲ့သူကိုအမှတ်မထင်တွေ့လိုက်တယ်......ရှောင်းကျန့်ကတော့သူ့ကိုမတွေ့....
ရိပေါ်
(*ဟင်...ဒါ....ဒါ...ငါမနေ့ကတွေ့ခဲ့တဲ့သူမလား....အိုက်ယား....ကံတွေစွတ်ကောင်းနေတာ....ရှာစရာတောင်မလိုဘူး.....တန်းတွေ့တော့တာပဲ....ဟိဟိ....ဝမ်ရိပေါ် ဝမ်ရိပေါ် မင်းတော့တော်တော်ကံကောင်းတာပဲ....ဒါနဲ့ သူကဆရာဝန်လား.....အဲ့ဒါဆိုမဖြစ်ဘူး.....သူကဆရာဝန်တျောက်ဆိုတော့ သူ့နားမှာ လူပေါင်းစုံရှိနေမှာသေချာတယ်.....ငါသူ့ကိုစိတ်မချတော့ဘူး......ယွီပင်းဆေးရုံမှာအကြာကြီးတက်နေရပါစေ😁😁 ဒါမှ ဒေါက်တာလေးကိုခဏခဏတွေ့ရမှာ😁😁 ငါတော်တော်ဖြစ်နေတာ ငါပဲသိတယ်.....😌😌😌*)
Continue......
(ဖတ်ရတာအဆင်ပြေမယ်လို့ထင်ပါတယ်....)