ဘာလိုလိုနဲ့ သတင်းစာရှင်းလင်းပွဲနေ့ကိုရောက်လာခဲ့တယ်......
ထိုသတင်းစာရှင်းလင်းပွဲကို တက်ရောက်ကြတဲ့လူတွေထဲက ချန်ချင်းလည်းအပါအဝင်ဖြစ်တယ်.....
ရိပေါ်
"အားလုံးပဲမဂ်လာပါ....ကျွန်တော်ခုလိုမျိုး သတင်းစာရှင်းလင်းပွဲလေးလုပ်ရတာ တခြားအကြောင်းကြောင့်မဟုတ်ပါဘူး.....အရင်ရက်တွေက ကျွန်တော်နဲ့ပတ်သက်တဲ့ dating newတွေထွက်နေလို့ အဲ့ကိစ္စကိုဖြေရှင်းချင်လို့ ခုလိုပွဲလေးစီစဥ်လိုက်ရတာပဲဖြစ်တယ်...."
ရိပေါ်သတင်းစာရှင်းလင်းပွဲ liveလွှင့်တာကို ကမ္ဘာတစ်ဝှမ်းကလူတွေကလည်းကြည့်နေကြတယ်.....ရှောင်းကျန့်တို့ဆေးရုံကလူတွေလည်းကြည့်နေကြတယ်....ရှောင်းကျန့်လည်း အလုပ်မအားတဲ့အတွက် ဖုန်းထဲကနေပဲ liveလွှင့်တာကို ထိုင်ကြည့်နေရတယ်.....
ရိပေါ်
"အရင်ရက်တွေက ကျွန်တော်နဲ့ပတ်သက်တဲ့ dating newတွေထွက်နေတာဟာ အမှန်ပါပဲ...."
Fans
"ဟင်...."
ရိပေါ်
"ကျွန်တော်ကဘယ်တုန်းကမှ စကားများများပြောလေ့ရှိတဲ့လူတျောက်မဟုတ်ဘူး.....ဒါပေမဲ့ ခုဒီနေ့ဒီအချိန်ဒီနေရာမှာတော့ ကျွန်တော်ပြောရတော့မယ်.....ကျွန်တော့ရဲ့ dating newတွေကိုကြည့်ပီး ကျွန်တော့ကို အမျိုးမျိုးဝေဖန်ကြတယ်....ကျွန်တော်တင်မကဘူး....ကျွန်တော်သိပ်ချစ်ရတဲ့သူလည်း gayဆိုပီး ပြောဆိုဝေဖန်ခံရတယ်......ခုဒီနေရာမှာ ကျွန်တော်အကုန်လုံးကိုပြောချင်တာက ကျွန်တော်တို့နှစ်ယောက်စလုံးက gayတွေမဟုတ်ကြဘူး....ယောကျာ်းချင်းကြိုက်လို့ဆိုပီး လူတွေက ရွံကြတယ်....ကျွန်တော်သူတို့ကိုအပြစ်မပြောပါဘူး.....ဒါပေမဲ့ ကျွန်တော်ပြောချင်တာက လူနှစ်ယောက်ရဲ့ချစ်ခြင်းမှာ ယောကျာ်းနဲ့မိန်းမပဲချစ်ရမယ်လို့ဘယ်သူကမှမပြောထားဘူး....ယောကျာ်းချင်းလည်းချစ်ခွင့်ရှိသလို မိန်းမချင်းလည်းချစ်ခွင့်ရှိတယ်....အဓိကက တျောက်ကိုတျောက် အချစ်စစ်အချစ်မှန်နဲ့တကယ်ချစ်နေဖို့ပဲ.....ခုကျွန်တော်တို့နှစ်ယောက်က တျောက်ကိုတျောက် တကယ်ချစ်ကြတဲ့သူတွေ....ကျွန်တော့ကောကလည်း ကျွန်တော့ကိုအရမ်းချစ်တယ်....ကျွန်တော်ကလည်း ကောကိုအရမ်းချစ်တယ်....ကျွန်တော့ဘဝမှာ ကောရှိနေရင် အရာရာပြည့်စုံတယ်......ကျွန်တော်က အရင်ကလူဆိုးလူမိုက်တျောက် ခုလိုကမ္ဘာကသိတဲ့နာမည်ကျော်မင်းသားတစ်လက်ဖြစ်လာတာ ကောကြောင့်.....ကောရဲ့စကားက ကျွန်တော့ကိုပြောင်းလဲချင်စိတ်တွေဖြစ်လာစေတယ်.....သူ့ကြောင့်ပဲ ကျွန်တော်ကခုလိုမျိုးဖြစ်လာတာပါ....ကောသာမရှိခဲ့ရင် ကျွန်တော်က အရင်လိုလူဆိုးလူမိုက်တျောက်ပဲဖြစ်နေဦးမှာ......ကောကကျွန်တော့ဘဝရဲ့ အချစ်ရဆုံးသူပါပဲ....ခင်ဗျားတို့ကျွန်တော်နဲ့ကောကို သဘောမတူကြဘူးဆိုတာကျွန်တော်သိပါတယ်.....အဲ့ဒါကြောင့် ကျွန်တော်ခုချိန်ကစပီး အရင်လိုသာမန်လူဘဝနဲ့သာပြန့နေထိုင်ပါတော့မယ်....ကျွန်တော်ဒီနေ့ပဲ အနုပညာလောကကနေ တရားဝင်နှုတ်ထွက်ပါတယ်......"