Part 15

819 62 0
                                    

"Ring Ring Ring"

ရိပေါ်

"Hello!ယွီပင်း "

ယွီပင်း

"ဟျောင့် ရိပေါ် မင်းအသံကလည်းကွာ အိပ်ချင်မူးတူးနဲ့....မင်းအသံကြားပီး ငါပြောမဲ့စကားတောင်မေ့တော့မယ်..."

ရိပေါ်

"ဟုတ်တယ် ငါဒီနေ့နားတယ်လေ....ညကလည်း ကောနဲ့စကားပြောတာ နည်းနည်းညည့်နက်သွားတယ်....အဲ့ဒါကြောင့်မို့ပါ...."

ယွီပင်း

"ငါမင်းကိုအရေးကြီးတာပြောစရာရှိလို့ဖုန်းဆက်လိုက်တာ....."

ရိပေါ်

"အင်း"

ယွီပင်း

"မင်းခုချက်ချင်း weiboကိုဖွင့်ကြည့်လိုက်....မင်းနဲ့ရှောင်းကျန့်အကြောင်းတွေချည်းပဲတက်နေတယ်....အဲ့ဒါမင်းသိလား....မင်းကို အမျိုးမျိုးဝေဖန်ကုန်ကြပီကွ...."

ရိပေါ်

"အင်းသိသားပဲ....အဲ့သတင်းက ညတည်းကလေ...မင်းမသိဘူးလား...."

ယွီပင်း

"ဘာ....မင်းသိပီသားဟုတ်လား.....ပီးတော့ အဲ့သတင်းကညတည်းကတက်နေတာဟုတ်လား....အဲ့ဒါမင်းဘာမှမဖြစ်ဘူးလား..."

ရိပေါ်

"ဘာဖြစ်ရမှာလဲ...အဲ့သတင်းကအမှန်တွေပဲကို...ငါကိုယ်တိုင်ပြောစရာမလိုပဲ သူတို့သိသွားကြတာလေ...ခုဆိုရင် ငါနဲ့ကောအကြောင်းကိုညတစ်ကမ္ဘာလုံးသိကုန်ပီ...အဲ့ဒါအရမ်းကောင်းတဲ့ကိစ္စပဲ...."

ယွီပင်း

"မင်းကိုအမျိုးမျိုးဝေဖန်နေကြတာ ကောင်းတဲ့ကိစ္စဖြစ်မလားကွ......မင်းကနာမည်ကြီးမင်းသားတျောက်လေ...ခုလိုသတင်းတွေထွက်နေတာ မင်းအတွက်ထိခိုက်နစ်နာစေတယ်ဆိုတာမင်းမသိဘူးလား"

ရိပေါ်

"သိသားပဲ....ငါပြောပြမယ်ယွီပင်း...ငါဒီအလုပ်ကိုလုပ်တယ်ဆိုတာ ထမင်းငတ်လို့လည်းမဟုတ်ဘူး....ဒီအလုပ်မရှိပဲနဲ့လည်း ငါထိုင်စားလို့ရတယ်.....ကောကငါလူတော်လူကောင်းတျောက်ဖြစ်တာကိုမြင်ချင်လို့ ငါအလုပ်လုပ်ရင်း မမျှော်လင့်ပဲ သရုပ်ဆောင်မင်းသားတျောက်ဖြစ်လာတာ...."

Doctorလေးရဲ့ချစ်သူWhere stories live. Discover now