တစ်ပတ်လောက်ကြာနေပီ.....ရိပေါ်ခုထိသတိရမလာသေး.......
အရင်ကဆို အမြဲပြုံးပျော်နေကြတဲ့သူတွေက ခုချိန်မှာ မျက်ရည်တွေနဲ့ ပူဆွေးဝမ်းနည်းမှုတွေနဲ့ပြည့်နေကြတယ်.......လူတိုင်းကသူတို့နှစ်ယောက်ကိုကြည့်ပီး အရမ်းသနားနေကြတယ်........
ရှောင်းကျန့်
"တိတိရယ်.......ခုထိအိပ်လို့မဝသေးဘူးလားကွာ....မြန်မြန်နိုးလာပါတော့.....မင်းမရှိပဲကောဘယ်လိုနေရမှာလဲ.....မင်းပြန်နိုးလာတာကို ကောစောင့်နေတယ်လေ.....မင်းကိုတစ်သက်လုံးထားမသွားတော့ပါဘူးလို့ ကောကတိပေးပါတယ်......ကောဘဝမှာမင်းမရှိရင်မဖြစ်လို့ပါကွာ.....ကျေးဇူးပြုပီး ကောကိုသနားရင် နိုးလာပါတော့ကွာ.....မင်းနိုးလာရင် မင်းကိုထားခဲ့မယ်လို့ပြောခဲ့တဲ့ကောကို ကြိုက်တဲ့အပြစ်ပေးပါကွာ....ကောကျေကျေနပ်နပ်ကြီးခံယူပါ့မယ်.....😭😭😭"
ကျိရန်
"ရှောင်းကျန့် မင်းခဏလောက်အိမ်ပြန်ပီးနားလိုက်ပါလား......အိမ်မပြန်ချင်ရင်လည်း မင်းရဲ့နားနေခန်းထဲမှာ ခဏလောက်အနားယူလိုက်ပါလား....."
ရှောင်းကျန့်
"ငါမနားချင်ဘူး....ငါတိတိလေးနားမှာပဲနေချင်သေးတယ်....."
ကျိုးချန်
"မင်းသွားနားလိုက်ပါ.....မင်းရဲ့ခုပုံစံကို ရိပေါ်သာမြင်ရင် ဘယ်လောက်စိတ်မကောင်းဖြစ်လိုက်မလဲ မင်းပြောတော့သူ့ကိုသိပ်ချစ်တယ်ဆို....မင်းသူ့ကိုချစ်တယ်ဆိုရင် မင်းကိုယ်မင်းကျန်းမာရေးကောင်းအောင်သာနေပါ....."
ရှောင်းကျန့်
"ငါ့ကျန်းမာရေးကကောင်းတယ်လေ......."
ယွီပင်း
"မင်းကျန်းမာရေးကကောင်းတယ်သာဆိုတယ်.....မင်းကိုယ်မင်းမှန်ထဲရောပြန်ကြည့်ဖြစ်သေးလား.....မင်းပုံစံက တကယ်လူမမာရုပ်ပေါက်နေပီကွ....မျက်ကွင်းတွေလည်းညိုနေပီ....လူလည်းပိန်ချုံးနေတာပဲ....မင်းအစာမစား အနားမယူပဲနေရင် မင်းပါကုတင်ပေါ်လှဲနေရမယ်သိလား......."
ဟောက်ရွှမ်း
"ဟုတ်တယ် ရှောင်းကျန့်....သူတို့ပြောတာမှန်တယ်.....ရိပေါ်သတိပြန်ရလာတဲ့အခါ မင်းရဲ့ခုပုံစံကိုသူမြင်ပီး စိတ်ကောင်းမှာမဟုတ်ဘူး......မင်းသာတစ်ခုခုဖြစ်သွားရင် မင်းသိပ်ချစ်တဲ့ရိပေါ်ဘေးမှာ မင်းနေနိုင်မှာမဟုတ်ဘူးနော်.....မင်းသူ့နားမှာ အချိန်ပြည့်ရှိချင်ရင် မင်းငါတို့ပြောတဲ့အတိုင်းနေပါ...."