ချန်ချင်း ရိပေါ်ဆီကပြန်သွားပီး နောက်နေ့ကစပီး ရိပေါ်မသိအောင် နောက်ယောင်ခံလိုက်တယ်......
ရိပေါ်သွားတဲ့နေရာမှန်သမျှ သူနောက်ကလိုက်တယ်.......တစ်ပတ်တစ်ခါ ရိပေါ်ဆီကိုသွားပီး သူ့ကိုပဲချစ်ပါဆိုပီး တောင်းပန်တယ်.....
ချန်ချင်း
"ရိပေါ် ကျွန်မတောင်းပန်ပါတယ်......ကျွန်မရှင့်ကိုအရင်ကပြောခဲ့တာတွေကစိတ်ထဲကပါလို့မဟုတ်ပါဘူး......ကျွန်မစိတ်ထဲမှာအလိုလိုသိနေတယ်......ရှင်ကျွန်မကိုပဲချစ်တယ်ဆိုတာကို.....အဲ့တော့ ရှင့်ရဲ့လက်ရှိချစ်သူကိုဖြတ်ပီး ကျွန်မဆီပြန်လာခဲ့ပါ.....ကျွန်မတို့နှစ်ယောက်ပေါင်းပီး သာယာတဲ့ဘဝတစ်ခုကိုတည်ဆောက်ကြမယ်လေ......"
ရိပေါ်
"ချန်ချင်း မင်းအရှက်မရှိဘူးလား.....ငါမင်းကိုမချစ်ပါဘူးလို့ပြောပီးပီပဲ.....မင်းပြောသလို လက်ရှိချစ်သူကိုဖြတ်ပီး မင်းကိုချစ်ရအောင်ငါမရူးသေးဘူး.....ငါ့အပေါ်အရမ်းချစ် အရမ်းလည်းနားလည်မှုပေးတဲ့ ချစ်သူတျောက်ကို ပစ်ထားပီး မင်းဆီကိုပြန်မလာနိုင်ဘူး.....ငါကုန်ကုန်ပြောမယ်.....ငါ့ဘဝမှာ ငါအရမ်းချစ်ရတဲ့ချစ်သူသာလျှင်ငါ့ဘဝ....ငါ့အနာဂတ်....ငါ့ကမ္ဘာ....ငါသူ့ကိုပဲချစ်တယ်.....ငါသူ့ကိုပဲလက်ထပ်မယ်.....သူကလွဲရင် တခြားဘယ်သူ့ကိုမှ ငါမချစ်ဘူး.....လက်မထပ်ဘူး.....ပီးတော့မင်း...ငါ့shootingထိလာပီး ငါ့ကိုနှောင့်ယှက်နေတာတွေ....စိတ်ဒုက္ခလာလာပေးနေတာတွေကို ရပ်တန်းကရပ်လိုက်ပါတော့......မင်းဘယ်လိုပဲ ငါ့အချစ်ကိုရအောင်ကြိုးစားကြိုးစား မင်းရမှာမဟုတ်ဘူး....."
ချန်ချင်း
(*တောက်....ဝမ်ရိပေါ် ကျွန်မကရှင့်ချစ်သူကိုဘာမှမလုပ်ချင်သေးလို့....ရှင်များစိတ်ပြောင်းသွားမလားဆိုပီးလာပြောကြည့်တာ.....ကျွန်မဘယ်လိုလုပ်လုပ် ရှင့်အဖြေကတစ်ခုထဲပဲဆိုတော့ ကျွန်မလည်းရွေးချယ်စရာမရှိတော့ဘူး....ရှင်ဆိုတဲ့ဝမ်ရိပေါ်က ချန်ချင်းဆိုတဲ့ ကျွန်မအတွက်ပဲဖြစ်ရမယ်.....ရှင့်ကိုကျွန်မမရရင် တခြားဘယ်သူမှမရစေရဘူး.....ရှင်စောင့်ကြည့်နေလိုက်ပါ....ကျွန်မရှင်တို့နှစ်ယောက်ကို မကွဲကွဲအောင်ခွဲပြမယ်.....ရှင်ကွဲခွဲလို့မရရင် သေကွဲခွဲပြမယ်.....😎😎*)