ကျိုးချန်
"ဟျောင့်ရိပေါ် မင်းငါ့ကိုဘယ်ခေါ်လာတာလဲ...."
ရိပေါ်
"ဆေးရုံလေ😁😁"
ယွီပင်း
"အမ်....ဆေးရုံဟုတ်လား ဘယ်သူဘာဖြစ်လို့လဲ "
ရိပေါ်
"ကျိုးချန် 😁😁"
ကျိုးချန်
"ဟမ်...ရိပေါ် ငါဘာမှမဖြစ်ဘူးလေ.....ဘာလို့ဆေးရုံကိုခေါ်လာတာလဲ"
ရိပေါ်
"အခုမဖြစ်သေးပေမဲ့ နောက်ဖြစ်ရင်ဖြစ်မှာပေါ့"
ကျိုးချန်
"ရိပေါ် မင်းဘာတွေကြံစည်နေတာလဲ မှန်မှန်ပြောနော်...."
ရိပေါ်
"ဘာမှမဟုတ်တာမကြံဘူး မင်းစိတ်ချ ငါကဟုတ်တာပဲကြံမှာ😁😁"
ရှောင်းကျန့်တို့ တစ်ခုခုထွက်စားဖို့ အပြင်ထွက်မယ်အလုပ် ရိပေါ်တို့သုံးယောက် ဆေးရုံထဲဝင်လာတာကို ရှောင်းကျန့်တွေ့တာနဲ့ သူ့ကိုမမြင်ခင် ချက်ချင်းသူ့ရဲ့နားနေခန်းကိုပြန်ပြေးတော့တယ်......
ရှောင်းကျန့်
(*ဟင် ရောက်လာပြန်ပီ.....မဖြစ်ဘူး မဖြစ်ဘူး ငါ့ကိုမတွေ့ခင် အမြန်လစ်မှ.......*)
ဟောက်ရွှမ်း
"ရှောင်းကျန့် မင်းဘယ်သွားမလို့လဲ......."
ရှောင်းကျန့်
"ငါ ငါ ငါမလိုက်တော့ဘူး မင်းတို့ပဲသွားကြတော့...."
ကျိရန်
"အမ် ဘာဖြစ်လို့လဲ....ခုနကမင်းပြောတော့ မင်းပဲဘာမှမစားရသေးဘူး ဗိုက်အရမ်းဆာနေလို့ပါဆို ခုကျမှဘာဖြစ်တာလဲကွ"
ရှောင်းကျန့်
"ခုနက ဗိုက်ဆာတာ ခုမဆာတော့ဘူး....မင်းတို့ပဲသွားကြတော့...."
ဟောက်ရွှမ်း
"အေး အဲ့ဒါဆိုလည်းပီးရော...."
ရှောင်းကျန့်ပြောပီးတာနဲ့ ချက်ချင်းပြန်ပြေးတော့တယ်.....
ဟောက်ရွှမ်း
"ကျိရန် ရှောင်းကျန့်ဒီနေ့မူမမှန်သလိုပဲ....ဘာဖြစ်တာလဲမသိဘူး.....အရင်ကအစားဆိုငမ်းငမ်းတက်နေတဲ့ကောင်က ခုကျမှဘာဖြစ်တာလဲကွ......"