Part 4

1.1K 84 0
                                    

ကျိုးချန်ထွက်မသွားခင် ရိပေါ်က......

ရိပေါ်

"ကျိုးချန် မင်းငါအကူအညီတောင်းတာ စုံစမ်းလက်စနဲ့ နောက်တစ်ခုငါ့ကိုကူညီပေးပါလား"

ကျိုးချန်

"ဟမ်....ဘာကူညီရဦးမှာလဲ....မင်းမဟုတ်တာတော့မကူညီခိုင်းနဲ့နော်....."

ရိပေါ်

"အာ....မင်းကလည်းကွာ....ကြောက်နေလိုက်တာ....မင်းစိတ်ချ....မင်းကိုမဟုတ်တာမကူညီခိုင်းဘူး.....😁😁"

ကျိုးချန်

"အဲ့ဒါဆိုပီးရော.......ကူညီပေးမယ်...."

ရိပေါ်

"ဟိုလေ....မင်းဆေးရုံအုပ်ကိုသွားတွေ့လိုက်ပီး....ယွီပင်းကို ဆေးရုံမှာ နောက်ထပ်တစ်ပတ်လောက်ပေးနေဖို့ သွားပြောပေးပါလား.....ဒါမှ ငါသူနဲ့ရင်းနှီးအောင်နေလို့ရမှာ....ကူညီပါကွာနော်...."
(*ဟင်း...လွယ်တော့မလွယ်ဘူး.....လိုချင်တာရဖို့ အရင်ဝမ်ရိပေါ်ရဲ့ပုံစံကိုဖျောက်လိုက်ရတယ်.....မဟုတ်ရင် သူတို့ကကူညီမဲ့လူတွေမဟုတ်ဘူး....ငါလိုချင်တာရမှ အရင်ဝမ်ရိပေါ်ပြန်လုပ်မယ်.....*)

ကျိုးချန်

"အေးပါကွာ ငါပြောပေးပါမယ်.....ဝမ်တော်တော်ဖြစ်ရယ်...."

ရိပေါ်

"😁😁😁"

အတော်လေးကြာတော့ ကျိုးချန်ပြန်ရောက်လာတယ်......

ရိပေါ်

"ဟာ...ကျိုးချန် ပြန်လာပီလား.... လာလာ သူငယ်ချင်း....မင်းငါ့ကိုကူညီပေးနေရတာဆိုတော့ မင်းပင်ပန်းမှာပေါ့....ရော့...ဒီမှာ ရေသောက်လိုက်ပါဦး...😁😁"
(*အရင်ကနိုင်လာခဲ့တဲ့ bffတွေကိုလည်း ခုချိန်မှာ ဖားသင့်ရင်ဖားရမှာပဲ.....😁😁*)

ကျိုးချန်

"အဟင်း....ဖားမနေနဲ့....ပုံမှန်တိုင်းပဲဆက်ဆံ😒😒"

ယွီပင်း

"ဟျောင့် ကျိုးချန် မင်းဟာလေ....ရတောင့်ရခဲအခွင့်အရေးကို ပုတ်ချလိုက်တယ်.....ဒီကောင်သူလိုချင်တာရဖို့ ငါတို့ကိုဖားနေတာ....ဒါမျိုးက ငါတို့တစ်သက်မှာ ရခဲတဲ့အခွင့်အရေးပဲကွ....ရိပေါ် ဒီဆရာဝန်လေးကိုတွေ့မှ ငါတို့ဒီလိုအခွင့်အရေးမျိုးရတာ....ချန်ချင်းနဲ့တုန်းကတောင်မရခဲ့ဘူးကွ...."

Doctorလေးရဲ့ချစ်သူWhere stories live. Discover now