ရှောင်းကျန့်စိတ်တွေညစ်နေတာ တစ်ပတ်လောက်ရှိပီ......ယွီပင်းဆေးရုံဆင်းပီး နောက်နေ့ထဲက ရိပေါ်သူ့ဆီကိုအကြောင်းအမျိုးမျိုးပြပီးရောက်ရောက်လာတတ်တယ်......
နေ့တိုင်းဒဏ်ရာရရလာတယ်.....ပွန်းပဲ့ဒဏ်ရာလေးမရလိုက်နဲ့ ရလိုက်တာနဲ့ ရှောင်းကျန့်ဆီပြေးလာတော့တာပဲ......ဒီနေ့လည်းလာဦးမယ်မှန်းသူသိတယ်.....
ရှောင်းကျန့်
(*ဟူး ဘယ်လိုလုပ်ရမလဲ..... ဟိုကောင်လေးက ငါ့ဆီကိုနေ့တိုင်းရောက်ရောက်လာတယ်....ရောက်လာတိုင်းလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ချည်းပဲ.....တမင်ဒဏ်ရာရအောင်များလုပ်နေတာလားမသိဘူး.....ဒီနေ့လည်းလာဦးမယ်.....စိတ်ညစ်လိုက်တာ....ဟင်.....ရောက်လာပီ....*)
ရှောင်းကျန့်တွေးနေတုန်း ရိပေါ်ရောက်လာတယ်......
ရိပေါ်
"အား....နာလိုက်တာ.....ဒေါက်တာကောကောရေ....ကယ်ပါဦးဗျာ.....ကျွန်တော့လက်အရမ်းနာနေတယ်....ကျိုး...ကျိုး...ကျိုးသွားပီလားမသိဘူး.....မြန်မြန်ကြည့်ပေးပါဦး...."
ရှောင်းကျန့်
"မင်းလက်ကျိုးမကျိုးသိချင်ရင် ဓာတ်မှန်ရိုက်ကြည့်လိုက်လေ....ပီးတော့ မင်းလက်ကို အရိုးအကြောအထူးကုနဲ့ကုရင်ပိုအဆင်ပြေမယ်....."
ရိပေါ်
"အဟင့်....မကုချင်ပါဘူး.....ကျွန်တော်က ဒီကဒေါက်တာကောကောနဲ့ပဲကုချင်တာ....ဒီကဒေါက်တာကောကောကုပေးမှကောင်းမှာ.....အား...ပြောရင်းနဲ့ဒဏ်ရာကပိုနာလာပီ.....အမြန်ဆေးထည့်ပေးပါ....အဟင့်...အဟင့်"
ရှောင်းကျန့်
"ကျစ်....ဒီမှာကောင်လေး....မင်းနေ့တိုင်းဒဏ်ရာရရလာတာဘာဖြစ်လို့လဲ....မင်းရန်ဖြစ်လာတာလား....ဒါမှမဟုတ် မင်းဖာသာမင်း ဒဏ်ရာရအောင်တမင်လုပ်လာတာလား......."
ရိပေါ်
"အရင်ဆုံးကျွန်တော်ပြောမယ်....ကျွန်တော့နာမည် ကောင်လေးမဟုတ်ဘူး....ဝမ်ရိပေါ်...ဝမ်အိမ်တော်ရဲ့တစ်ဦးတည်းသောသားချောလေး.....ပီးတော့ကောကောပြောသလို ရန်ဖြစ်လာတာလည်းမဟုတ်ဘူး....တမင်ဒဏ်ရာရအောင်လုပ်လာတာလည်းမဟုတ်ဘူး.....ကျွန်တော်ကစကိတ်စီးတယ်....စကိတ်စီးရင်းနဲ့မတော်တဆထိခိုက်ဒဏ်ရာလာတာပါ ဒေါက်တာကောကောကလည်း....."
(*ဟုတ်တယ် ကောပြောသလိုပဲ တမင်ဒဏ်ရာရအောင်လုပ်လာတာ ဒါမှကောနဲ့တွေ့ရမှာလေ.....😁😁*)