ရှောင်းကျန့် ဆေးရုံကိုရောက်လာတော့....သူ့စိတ်ထဲမှာ တစ်ခုခုထူးဆန်းနေသလိုခံစားနေရတယ်......ရှောင်းကျန့်
(*🙄🙄 ဒီနေ့တစ်မျိုးကြီးပဲ ဆေးရုံမှာတစ်ခုခုထူးဆန်းနေသလိုပဲ.....ဆေးရုံကလည်း တိတ်ဆိတ်နေတာပဲ သရဲခြောက်မှာတောင်ကြောက်နေရတယ်.....ဆေးရုံဆိုတာမျိုးက လူအများနဲ့ဆိုတော့ အနည်းနဲ့အများတော့ ဆူညံသံတွေရှိမှာပဲ....ဒါပေမဲ့ ဒီနေ့ကျမှ ထူးထူးဆန်းဆန်းတိတ်ဆိတ်နေတယ်.....🙄🙄 တော်ပီ ငါနဲ့လည်းမဆိုင်ပါဘူး မတွေးတော့ဘူး.....*)
Nurse
"နိဟောင် ဒေါက်တာ.....ဟိဟိ"
ရှောင်းကျန့်
"ဟုတ် နိဟောင်"
(*ဘာလဲဟ....နိဟောင်ဒေါက်တာဆိုပီးရောလေ....ဘာလို့ နောက်က ဟိဟိဆိုတာက ပါလာသေးတာလဲဟ🙄🙄*)ရှောင်းကျန့်တွေးပီး သူ့ဘေးဘီကိုကြည့်လိုက်တော့ nurseတွေရော ဆရာဝန်တွေရော တခြားလူတွေရော သူ့ကိုကြည့်ပီး ပြုံးစိစိနဲ့ဖြစ်နေကြတယ်.....ဆရာဝန်တွေထဲမှာ ဟောက်ရွှမ်းနဲ့ကျိရန်တောင်ပါသေးတယ်.......
ရှောင်းကျန့်
(*what!ဒီနေ့ကျမှ ဒီလူတွေဘာဖြစ်နေတာလဲဟ....ငါ့ကိုကြည့်ပီး ပြုံးစိစိနဲ့....ငါ့မျက်နှာမှာများ တစ်ခုခုပေနေလို့လားမသိဘူး....*)
ရှောင်းကျန့် သူ့မျက်နှာကိုကိုင်ကြည့်တယ်....ဘာမှလည်းမပေ.....
ရှောင်းကျန့်အတွက် တော်တော်ထူးဆန်းနေပီ.....
ရှောင်းကျန့်
(*ငါ့မျက်နှာမှာလည်း ဘာမှပေမနေပါဘူး.....ဘာလို့လဲဆိုတာကို ဟိုနှစ်ယောက်ကိုမေးကြည့်ရမယ်....ငါ့ကိုပြုံးစိစိလုပ်တဲ့လူတွေထဲမှာ သူတို့နှစ်ယောက်လည်းပါတာဆိုတော့ သူတို့ကိုမေးကြည့်ရင် အကြောင်းရင်းကိုသိရလောက်တယ်....ခုလိုလူတွေက ငါ့ကိုကြည့်ပီး ပြုံးစိစိနဲ့ဖြစ်နေကြတော့ ငါရှက်တောင်ရှက်လာပီ....*)
ရိပေါ်ကတော့ ရှောင်းကျန့်မမြင်နိုင်လောက်တဲ့နေရာမှာပုန်းနေပီး....ရှောင်းကျန့်ကိုကြည့်နေတယ်....
ရှောင်းကျန့်ရဲ့ဖြစ်နေတဲ့ပုံစံလေးကိုကြည့်ပီး ရိပေါ်ပိုပီးအသည်းယားလာတယ်......