Part 22

749 51 1
                                    

ရိပေါ်ဆေးရုံကဆင်းမယ်ဆိုတော့ ဝမ်ပါးပါးကလာကြိုတယ်......

ဝမ်ပါးပါး

"သား ဘယ်လိုနေသေးလဲ.....သက်သာလား......"

ရိပေါ်

"အင်း"

ဝမ်ပါးပါး

"သားဆေးရုံကဆင်းပီးတာနဲ့ အိမ်မှာပဲနားနေဦးနော် အလုပ်လုပ်ဖို့တွေးမနေနဲ့နော်သား....."

ရိပေါ်

"အင်း"

ဝမ်ပါးပါး

"သားဒီ​နေ့ ဆေးရုံကဆင်းမယ်လို့ သားသူငယ်ချင်းတွေပါးကိုပြောလို့ ပါးလာခေါ်တာ....."

ရိပေါ်

"အင်း"

ဝမ်ပါးပါး

"သားဆေးရုံတက်နေရတဲ့ရက်တွေမှာလည်း ပါးသားကိုလာကြည့်သေးတယ်......သားကသတိမေ့နေတော့မသိလိုက်တာ.....သားတျောက်လုံးဆေးရုံတင်ထားရတာတောင်တစ်ချက်လေးမှလာမကြည့်ဘူးလို့သားထင်နေမှာစိုးလို့ပါ....."

ရိပေါ်

"အင်း"

ဝမ်ပါးပါးဒေါသထွက်သွားတယ်......

ဝမ်ပါးပါး

"ရိပေါ် ငါ့သား.....ပါးကမင်းရဲ့ပါးအရင်းကြီးပါကွာ......သူစိမ်းလည်းမဟုတ်ပါဘူး......ခုတော့ မင်းက ပါးဘာပဲပြောပြောအင်းတစ်လုံးထက်ပိုမပြောဘူး.....😒😒 ပါးကသာ စကားတွေအရှည်ကြီးပြောနေတာ မင်းကတော့  ဟုတ်ဆိုတဲ့စကားပြောဖို့နေနေသာ အင်းတစ်လုံးကိုတောင် မ​ပြောချင်ပြောချင်နဲ့ပြောနေရတဲ့ပုံစံမျိုး.....မင်းရဲ့မတော်ရသေးတဲ့လင်ကိုကျတော့ ပြောလိုက်တဲ့စကားကရွှန်းရွှန်းဝေနေတာပဲ.......မင်းနဲ့သာလိကာအမျိုးတော်သလားတောင်မှတ်ရတယ်.....😒😒"

ရိပေါ်

"ဒါကတော့ဘယ်တူမလဲ......"

ဝမ်ပါးပါး

"😏😏 မင်းတို့နှစ်ယောက် အမြန်ညားမှငါတို့လည်း မျက်စိနောက်သက်သာမယ်......😒😒"

ရိပေါ်

"ယူချင်နေတာကြာပီ တစ်ပိုင်းကိုသေတော့မယ်.....ပါးတို့က မပေးစားသေးလို့မယူရတာ....."

Doctorလေးရဲ့ချစ်သူWhere stories live. Discover now