"Ring Ring Ring"
ရိပေါ်
"Hello! "
ယွီပင်း
"ရိပေါ် ဒီနေ့ငါတို့နဲ့ ဝမ်ချောင်တို့နဲ့ချိန်းပွဲရှိတယ်....အဲ့ဒါမင်းလာခဲ့ပါလား......"
ရိပေါ်
"ငါလာတော့လာချင်ပါတယ်.....ဒါပေမဲ့ ငါ့ကောကောကိုငါသွားတွေ့ရဦးမယ်လေ....."
ယွီပင်း
"အာ မင်းကလည်း တစ်ရက်လောက်မသွားတာနဲ့ဘာမှမဖြစ်ပါဘူး....ပီးတော့ ဟိုကမင်းကို ဂရုတောင်စိုက်တာမဟုတ်ဘူး....မင်းကသာတော်တော်ဖြစ်နေတာ....မင်းမတော်တဆ ထိခိုက်မိသွားရင် သူ့ဆီသွားပီး ဆေးကုလို့ရတာပဲလေ....ဒဏ်ရာကြီးကြီးရလေ နေ့တိုင်းတွေ့ရလေပဲနော်😁😁"
ရိပေါ်
"အေး မင်းပြောတာမဆိုးဘူး ငါလာခဲ့မယ်.....ဒါနဲ့ ချိန်းပွဲကဘယ်အချိန်လဲ"
ယွီပင်း
"ညနေ5နာရီ...... အရင်နေရာမှာပဲ"
ရိပေါ်
"ညနေ 5နာရီမှပဲ....ငါကောကောဆီသွားလို့ရသေးတာပဲလေ...."
ယွီပင်း
"မသွားပါနဲ့တော့ကွာ...ဒီနေ့တစ်ရက်ထဲပါ....နောက်နေ့တွေမင်းနေ့တိုင်းသွားလည်း ငါတို့မတားပါဘူး....ကျေးဇူးပြုပီး ဒီနေ့တစ်ရက်လောက်တော့ မသွားပါနဲ့တော့ကွာ...."
ရိပေါ်
"အင်း ပီးရောကွာ....ဒါဆို ငါညနေလာခဲ့မယ်"
(*မနက်ဖြန်ကောဆီသွားမယ်...ပီးတာနဲ့ ကောကိုတစ်ခါတည်းဖွင့်ပြောလိုက်တော့မယ်....*)ယွီပင်း
"အင်း "
Nurse
"နိဟောင် ဒေါက်တာ "
ရှောင်းကျန့်
"ဟုတ်ကဲ့ နိဟောင် "
Nurse
"ဒေါက်တာ့ကို ဆေးရုံအုပ်ကခဏလောက်လာခဲ့ပါဦးတဲ့...."
ရှောင်းကျန့်
"အင်း ကျွန်တော်သွားလိုက်ပါ့မယ်....ကျေးဇူးပါ"
Nurse
"ရပါတယ်"
"Knock Knock Knock"
ဆေးရုံအုပ်