ရှောင်းကျန့် သူဆေးရုံကိုသွားနေကျအချိန်မသွားဖြစ်......သူ့ဦးလေးကို ဆေးတိုက်ရဦးမယ်.....ဦးလေးလိုအပ်တာတွေပြင်ဆင်ပေးရဦးမယ်.......
"Ring Ring Ring"
ရှောင်းပါးပါး
"Hello! သား"
ရှောင်းကျန့်
"ပါး ကျွန်တော်လေးလေးကိုဆေးတိုက်ပီး လေးလေးလိုအပ်တာတွေလုပ်ပေးပီးမှ ကျွန်တော်ဆေးရုံကိုလာခဲ့မယ်နော်ပါး....နေ့လည်လောက်မှလာဖြစ်မယ်ထင်တယ်.....မနက်ပိုင်း ကျွန်တော့ဂျူတီချိန်ကို ကျိရန်နဲ့ဟောက်ရွှမ်းတာဝန်ပေးလိုက်ပါနော်ပါး...."
ရှောင်းပါးပါး
"အင်း ရတယ်သား....သားလေးလေးကိုသာသေချာပြုစုပေးလိုက်နော်...."
ရှောင်းကျန့်
"ဟုတ်ပါး"
ရှောင်းဦးဦး
"ကျန့်ကျန့်လေး လေးလေးကြောင့်ပင်ပန်းနေရပီ....အလုပ်တွေလည်းပျက်ကုန်တော့မယ်....လေးလေးက သက်သာနေပါပီ ဆေးရုံကိုသာသွားလိုက်ပါ ဆေးရုံကလူနာတွေကအရေးကြီးတယ်..."
ရှောင်းကျန့်
"ရပါတယ်လေးလေးရဲ့....ဆေးရုံမှာက ကျိရန်နဲ့ဟောက်ရွှမ်းရှိတယ်လေ.....သူတို့ကလည်း တကယ်တော်တဲ့ အထူးကုဆရာဝန်တွေလေ.....သူတို့မရှိလည်း တခြားတော်တဲ့ဆရာဝန်တွေရှိပါတယ်....လေးလေးမပူပါနဲ့...."
ရှောင်းဦးဦး
"အင်းပါ"
ရိပေါ် မနက်၉နာရီလောက်ထဲက ဆေးရုံကိုရောက်နေတယ်.....သူ့ကောကောကို ချစ်ခွင့်ပန်ဖို့......
ရိပေါ်
"တစ်ခါမှ ဆေးရုံကို ၉နာရီထက်နောက်မကျတဲ့သူက ခု၉နာရီခွဲသွားပီ....ခုထိရောက်မလာသေးဘူး.....nurseလေးတွေကိုမေးကြည့်ဦးမှ...."
ရိပေါ်
"နိဟောင် ကျွန်တော်တစ်ခုလောက်မေးစရာရှိလို့ပါ"
ရိပေါ်ရဲ့မေးစရာရှိလို့ဆိုတဲ့စကားကြားတာနဲ့ nurseလေးတွေက သဘောပေါက်ပီးသား.....သူတို့ရဲ့ဒေါက်တာချောချောလေးဆီကို နေ့တိုင်းလာနေ့တဲ့ ရုပ်ချောချောနဲ့သူဌေးသားလေးမှန်းတန်းသိတယ်.....