ရိပေါ်
"ပါး မနက်ဖြန်ကစပီး ကျွန်တော်ပါးကုမ္ပဏီမှာ အလုပ်ဝင်လုပ်မယ်"
ဝမ်ပါးပါး
"ဟေ.....ငါများနားကြားမှားတာလား.....ဘာတဲ့ မနက်ဖြန်ကစပီး ကျွန်တော်ပါးကုမ္ပဏီမှာ အလုပ်ဝင်လုပ်မယ်တဲ့လား.....🙄🙄 ဝမ်ရိပေါ်ရယ် ဟုတ်မှလည်းပြောပါကွာ....ဒါနောက်စရာမဟုတ်ဘူးနော်..."
ရိပေါ်
"ကျွန်တော်တကယ်ပြောတာ လုံးဝမနောက်ဘူး....."
ဝမ်ပါးပါး
"ငါ့သားခုလိုအလုပ်လုပ်ချင်စိတ်တွေဖြစ်လာတာ ဒေါက်တာရှောင်းကျန့်ကြောင့်မလား"
ရိပေါ်
"အင်း"
ဝမ်ပါးပါး
"ပျော်လိုက်တာ.....ငါလူရွေးမှန်သွားပီ.......ငါ့သားလေးအတွက် ဒီလိုတော်တဲ့သမက်မျိုးရှာတွေ့လို့....."
ရိပေါ်
"ပါး အဲ့ဒါ ကျွန်တော့ကြောင့်ပါနော်....ကျွန်တော် တော်တော်ဖြစ်နေလို့ ပါးက သူနဲ့ကျွန်တော့ကိုသဘောတူတာလေ...."
ဝမ်ပါးပါး
"အေးပါကွာ....😒😒😒 မနက်ဖြန်ကစပီး ပါးနဲ့ကုမ္ပဏီလိုက်ခဲ့.......မနက်ဖြန် ကြော်ငြာရိုက်ဖို့ရှိတယ်....မင်းလိုက်ပီးဦးစီးပေးပေါ့......"
ရိပေါ်
"အင်း"
ညရောက်တော့ ရိပေါ် ရှောင်းကျန့်ဆီဖုန်းခေါ်လိုက်တယ်......
"Ring Ring Ring"
ရှောင်းကျန့်
"Hello!ရိပေါ်"
ရိပေါ်
"ကော ကျွန်တော်မနက်ဖြန်ကစပီး ပါးရဲ့ကုမ္ပဏီမှာ အလုပ်ဝင်လုပ်တော့မယ်....ကောအတွက် ကျွန်တော့ကိုယ်ကျွန်တော်ပြုပြင်ပြောင်းလဲနေပါတယ်ကော...."
ရိပေါ်စကားကြောင့် ရှောင်းကျန့်ပြုံးသွားတယ်.....
ရှောင်းကျန့်
(*ကောင်လေးကဘယ်ဆိုးလို့လဲ....ငါ့စကားကိုတော့နားထောင်သား....ငါ့ကိုလည်းအတော်ချစ်ရှာသားပဲ.......😊😊*)
ရိပေါ်
"Hello!ကော ကျွန်တော်ပြောတာကြားလား"