Unicode
ညဘက်ရောက်တော့ ဆေးရုံကအစားအစာကိုမကြိုက်တာမို့ အနီးအနားကစားသောက်ဆိုင်ကိုသွားရန် taehyung ဆိုတဲ့ကောင်လေးအားပူဆာလိုက်တယ်....ထိုကောင်လေးကသူ့ကိုတော်တော်အလိုလိုက်သလို ဂရုလည်းစိုက်ပေးပါတယ်.....
"ကျွန်တော် jeon အတွက် ကြက်သားဆန်ပြုတ်နဲ့နွားနို့တစ်ခွက်မှာထားတယ်""ကျစ်!ငါအဲ့ဒီလူမမာစာတွေမစားချင်လို့ဒီကိုလာတာကို မင်းကမှာထားပြန်ပြီ!"
"Jeon ကနိုးလာတာဖြင့်မနက်ကပဲရှိသေးတာကို ဆရာဝန်ကအမာစာမစားဖို့ပြောထားတယ် ခဏတည်းခံလိုက်ပါအလွန်ဆုံးမှ တစ်ပတ်ပါပဲ"
" ပြီးရောပြီးရော!!ပြီးတော့ငါ့ကို jeon လို့မခေါ်ပါနဲ့ဆို!"
" အင်းပါ ကျွန်တော်ယောင်သွားလို့"
Jungkook တို့ထမင်းစားနေတုန်း သူနဲ့မျက်နှာချင်းဆိုင်ဝိုင်းတစ်ခုမှာထိုင်စားနေတဲ့ ကောင်ချောလေးတစ်ယောက်...အဲ့ကောင်လေးကသူ့ကိုမျက်စလာလာပစ်ပြနေတယ်...လခွမ်း! ဘာလားဟ...ရုပ်လေးကြည့်တော့ချစ်ဖို့ကောင်းသလောက် အသက်ကလည်းအင်းးးးးအထက်တန်းလောက်ပဲရှိဦးမယ်...တကယ့်မလွယ်ကြောတွေပဲ....
Jungkook အာရုံစိုက်မနေတော့ပဲ ဆန်ပြုတ်ကိုသာကုန်အောင်စားလိုက်သည်...သူ့ရှေ့က taehyung ကတော့အရသာရှိတဲ့အစားအစာများအား စားနေသလောက်သူကတော့....အင်းးးး...မတက်နိုင်ဘူးလေ...နောက်မှပေါ့.....
"ငါ toilet သွားဦးမယ်"
သူနိုးလာကတည်းကရေသာလိမ့်သောက်နေသည်မို့ အခုတော့သေးထွက်ကျတော့မယ်တောင်ခံစားနေရတယ်...waiter လေးအားလမ်းမေးပြီး toilet ထဲဝင်ကာဖြေလျော့လိုက်တယ်....
အိမ်သာကထွက်ကာ ဘေဇင်မှာလက်ဆေးရင်းကိုယ့်ရုပ်ကိုကိုယ်ပြန်ကြည့်တော့ အနည်းငယ်ချောင်ကျနေသောမျက်နှာကလွဲလို့ ကျစ်လစ်တဲ့ကိုယ်လုံးကိုယ်ပေါက်ကြောင့် အရင်ကလောက်ငယ်ပုံမပေါက်ပေမဲ့ ခန့်ချောကြီးဖြစ်လာတယ်....
"ကိုကို!"ရုတ်တရပ်ထွက်လာတဲ့ နာမ်စားကြောင့် သူလှည့်ကြည့်မိတော့ ခုဏကမျက်နှာချင်းဆိုင်ဝိုင်းမှာထိုင်နေတဲ့လူငယ်လေး သူ့မျက်ဝန်းမှာလည်းမျက်ရည်အချို့နဲ့....toilet မှာသူနဲ့ကိုယ်ကလွဲပြီးမည်သူမှမရှိသည်မို့ ကြောင်အမ်းအမ်းသာကြည့်မိသည်....သူ့အမေက ညီလေးထပ်မွေးထားတာလား???
"ကိုကိုလို့ဆို!!"
YOU ARE READING
My sexy baby ( Complete )
FanfictionJeon Jungguk : ကိုယ်ကမင်းသိတဲ့လူမဟုတ်ဘူးဆိုရင်ရော Kim Taehyung : Jeon က jeonပဲမို့ ရှေ့ဆက်လည်း tae ရဲ့ jeon ဖြစ်နေဦးမှာပဲ