Unicode
ဒုန်းခနဲမြည်သံအဆုံး တံခါးကြီးကလည်းပွင့်လာပြီးနောက်မှာတော့ မယုံကြည်နိုင်တဲ့အကြည့်တွေနဲ့ သူကကျွန်တော့်ကိုကြည့်လာတယ်....
"ဒါက ဘယ်လိုဖြစ်နေရတာလဲ!!"
အံ့ကြိတ်ပြီး ပြောနေတဲ့မျက်ဝန်းနီတွေကြည့်ပြီး သူပျော်တယ်...
"မင်းမြင်တဲ့အတိုင်းပဲလေ"
"မင်း!..မင်းကွာ!!ငါ့မှာတော့.."
"ဘာဖြစ်လဲ...မင်းမှာဘာ ဖြစ် လို့ လဲ"
တစ်လုံးချင်းအေးစက်စွာမေးလာတဲ့သူ့ကို ကျွန်တော်နာကျည်းချင်လိုက်တာ....မုန်းချင်လိုက်တာ ခင်ဗျားရယ် ဒါပေမဲ့ အဲ့လိုမလုပ်နိုင်တဲ့ကိုယ့်ကိုယ်ကိုပိုမုန်းမိတယ်...ဒီလောက်လုပ်ရမှကျေနပ်မှာလား jeon ရယ်....
"တောက်!"
တောက်ခေါက်ကာထွက်သွားတဲ့ကောင်လေးကိုကြည့်ရင်း သူ့လုပ်ရပ်ကြောင့်ဖြစ်ပျက်သွားတဲ့ကောင်လေးရဲ့မျက်နှာကို သူအရသာခံစားတယ်...ဝဲဘက်ရင်အုပ်ကဆစ်ခနဲနာကျင်သွားပေမဲ့ သူလစ်လျူရှုခဲ့တယ်...ဒါကမဖြစ်နိုင်တာမို့လို့လေ...နာကျင်သွားတဲ့မင်းမျက်ဝန်းတွေက ငါ့အတွက်တော့အရမ်းအရသာရှိတဲ့အစားအစာတစ်ခုလိုပဲ...ငါကမင်းရဲ့နာကျင်ခြင်းတွေကိုစားသုံးမှာ...
"Jeon မျက်ရည်ကျနေတာလား?"
သူ့ရင်ခွင်ထဲကမိန်းကလေးကသူ့ပါးပြင်ပေါ်က မျက်ရည်တွေကိုမိန်းကလေးရဲ့လက်ချောင်းသွယ်သွယ်ပေါ်ခစားစေရင်း ဆိုတယ်...
"ကိုယ်ပျော်လွန်းလို့ မျက်ရည်ကျသွားတာဖြစ်မယ်"
"မ လည်းအဲ့လိုဖြစ်ဖို့မျှော်လင့်တယ်"
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.မျက်ဝန်းကိုဖွင့်ကြည့်လိုက်တော့ အညိုရောင်မျက်နှာကျက်...အခုသူအတိတ်ကိုအိမ်မက်မက်နေခဲ့တာလား...နာကျင်လာတဲ့ဦးခေါင်းတစ်နေရာနဲ့ရင်ဘက်ကြောင့် လက်ဖြင့်ရင်ဘက်ကအင်္ကျီကိုစုပ်ကိုင်ရင်းဖြေလျော့မိတော့ သူသံသရဝင်မိတာက တကယ်ပဲ Jeon Jungguk က Kim Taehyung ကိုမချစ်ခဲ့တာဟုတ်ရဲ့လားလို့....
YOU ARE READING
My sexy baby ( Complete )
FanfictionJeon Jungguk : ကိုယ်ကမင်းသိတဲ့လူမဟုတ်ဘူးဆိုရင်ရော Kim Taehyung : Jeon က jeonပဲမို့ ရှေ့ဆက်လည်း tae ရဲ့ jeon ဖြစ်နေဦးမှာပဲ