Unicode
နေမင်းကြီးကတဖြည်းဖြည်းတိုးဝင်သွားပြီ ညလေတွေကတစိမ့်စိမ့်တိုက်ခတ်လာတယ်....jungguk ခြံထဲမှာရပ်နေတုန်း ကားရပ်ံကိုကြားလိုက်ရတာမို့ taehyung ရောက်လာပြီမှန်းသူသိလိုက်တယ်...အပြင်မှာအကြာကြီးရပ်ထားတာမို့ အထဲသို့ဝင်လာလိုက်သည်....အိမ်ထဲဝင်ပြီးနှုတ်ဆက်ရန်ပြုလိုက်သော်လည်း ခြံတံခါးနားရပ်ကာစကားပြောနေသော taehyung....ဧည့်သည်ဟုထင်ရသော ခန့်ချောချောလူတစ်ယောက်နဲ့ စကားပြောနေသည်မှာ သူတို့ဆက်ဆံရေးကအလွန်ရင်းနှီးပုံပေါ်သည့်အပြင် ထိုမြင်ကွင်းက သူ့ရင်ဘက်ထဲတင်းကြပ်လာစေတယ် Jungguk ထိုနေရာသို့မည်သို့ရောက်လို့ရောက်သွားမှန်းပင်မသိပေ.....
"Jeon! "
"အမ်...အာ..tae ဧည့်သည်ပါလာတာလား"
သူအခုမှသေချာကြည့်မိတယ် taehyung မျက်နှာအနည်းငယ်မကောင်းသလို ထိုလူကလည်းသူ့အားရုပ်တည်နဲ့ကြည့်နေသည်...ဘာလဲ သူတို့နှစ်ယောက်ကြားမှာ ငါ့ကိုမသိစေချင်တဲ့ ဆက်ဆံရေးရှိနေတာလား??..ရုတ်တရပ်ဆိုသလို သူ့ကိုဒေါသတကြီးကြည့်နေတဲ့ထိုလူကိုသူ့မျက်လုံးထဲဖြတ်ခနဲမြင်လိုက်ရပေမဲ့ လက်တွေ့မှာတော့ ထိုလူကသူ့ကိုမျက်ဝန်းသေဖြင့်သာကြည့်နေတယ်....
"ဟို..junghyung မနက်ဖြန်မှတွေ့ကြတာပေါ့"
"ကောင်းပြီ tae ဒါဆိုကိုယ်သွားပြီ"
Jungguk ကိုမမြင်သကဲ့သို့ ထိုသူက taehyung ကိုသာကြင်နာစွာပြုံးပြပြီးထွက်သွားသည်....ပြီးတော့ဘာတဲ့ tae တဲ့လား အဲ့ဒီနာမ်စားကိုငါတစ်ယောက်တည်း ခေါ်ခွင့်ရှိတာမဟုတ်ဘူးလား...ရုတ်တရပ်ဆိုသလို jungguk သူ့စိတ်ထဲမကျေနပ်ချက်တွေဖြစ်ပေါ်လာတယ်...ဒီခံစားချက်ကတကယ်ကိုဆိုးဝါးလွန်းတယ်.....
"Jeon ဘာရပ်လုပ်နေတာလဲ လာလေ!"
"မင်းဘာသာဝင်သွားလိုက် ငါနောက်မှလိုက်ခဲ့မယ်"
"Jeon ကကျွန်တော့်ကိုလာကြိုတာမဟုတ်ဘူးလား!"
ခေါင်းလေးစောင်းကာ မေးလာပုံက ချစ်စရာအတိ....
"အဟမ်း!ဘယ်သူပြောလဲ မင်းကိုလာကြိုတာလို့ ငါ့ဘာသာပန်းပင်တွေလိုက်ကြည့်နေတာ!"
VOCÊ ESTÁ LENDO
My sexy baby ( Complete )
FanficJeon Jungguk : ကိုယ်ကမင်းသိတဲ့လူမဟုတ်ဘူးဆိုရင်ရော Kim Taehyung : Jeon က jeonပဲမို့ ရှေ့ဆက်လည်း tae ရဲ့ jeon ဖြစ်နေဦးမှာပဲ