1.2K 129 2
Unicode
Jungguk ရုံးစတက်သည့်ရက်ကတည်းက taehyung သည်လည်း Jungguk ရုံးခန်းသို့ပြောင်းလာတော့သည်...
"Tae ကိုယ်အဆင်ပြေတာမို့ Company ကိုသာစိတ်ချလက်ချသွားပါ"
Taehyung ကသူ့စကားကိုမကြားသည့်အလား စာရွက်စာတန်းများကိုသာစစ်ကြည့်နေသည်.....
"Tae ကိုယ်.."
"ဘာလို့လဲ jeon အခုလည်း tae က tae ရဲ့ company မှာရှိမနေပေမဲ့ jeon ရုံးခန်းမှာ tae အလုပ်ကိုလုပ်နေတာပါ... tae က jeon အတွက် အခက်အခဲဖြစ်နေလို့လား ဒါမှမဟုတ်.."
မျက်နှာငယ်လေးလုပ်လာတဲ့ taehyung ကအမှန်တကယ်ကိုသနားစရာကောင်းနေကာ မသိရင် သူကပဲလူဆိုးကြီးလိုလိုခံစားလိုက်ရသည်....
"ဟင်းးးးထားတော့ထားတော့ငါမပြောတော့ဘူး"
ထိုအခါမှ box smile လေးပြုံးပြလာတဲ့ကောင်လေး....သူတို့ကိုယ့်အလုပ်ကို ကိုယ်လုပ်ရင်း တစ်ယောက်နဲ့တစ်ယောက်ပင်စကားမပြောဖြစ်ကြတော့ပေ...လက်မှတ်ထိုးစရာများသေချာကြည့်ကာထိုးရသည်မို့ Jungguk မျက်ရိုးများပင်ကိုက်လာကာ လည်ဂုတ်မှလည်းအကြောတက်လာတော့သည်...လည်ပင်းကိုအနည်းငယ်ချိုးကာ နာရီကိုကြည့်မိတော့ 12 နာရီပင်ကျော်ချေပြီ...taehyung ကိုကြည့်မိတော့ အလုပ်ကိုသာအာရုံစိုက်နေသည်မို့ အချိန်ကိုသတိထားမိပုံမပေါ်ပေ...
"Tae နေ့လည်စာသွားစားကြမလား"
"အွင်!အဲ့ဒီအချိန်တောင်ရောက်သွားပြီလား"
"Tae သိလောက်မယ့် စားသောက်ဆိုင်ကိုသွားကြတာပေါ့ ကိုယ်ကဘာမှမသိတော့"
"အင်းပါ tae ဒီနားမှာဆိုင်ကောင်းကောင်းသိထားတာမို့ သွားကြရအောင်"
သူတို့နှစ်ယောက် စားသောက်ဆိုင်တစ်ခုကိုအတူတူထွက်လာလိုက်တယ်...စားစရာများမှာပြီး စားနေစဥ်မှာပဲ လူတစ်ယောက်သူတို့ကိုနှုတ်ဆက်လာတယ်...
"Tae ကဒီမှာကို ကိုယ်ကနေ့လည်စာစားဖို့ Tae company ထိတောင်လိုက်ရှာနေခဲ့ရတာ"
"အာ!အကို ဟီးးကျွန်တော် jeon company မှာ အလုပ်လုပ်နေလို့ပါ"
"CEO တစ်ယောက်လုံးတောင်ရုံးဆင်းနေပြီကို ဘာလို့ tae ကအဲ့မှာဆက်အလုပ်လုပ်နေရသေးတာလဲ CEO အပျင်းတစ်နေတာတော့မဟုတ်ဘူးမလား"
My sexy baby ( Complete )Donde viven las historias. Descúbrelo ahora