1.1K 128 1
Unicode
Taehyung နိုးလာတော့ Jungguk ရဲ့ရင်ခွင်ထဲမှာ...သူ့ရဲ့မနက်တိုင်းက Jungguk ရဲ့ရင်ခွင်ထဲမှနိုးထလာခဲ့ပြီး နောက်လည်းအခုလိုလေးဖြစ်ဖို့မျော်လင့်မိတယ်...သူအရမ်းများလောဘကြီးနေပြီလား...jungguk မျက်နှာအစိတ်အပိုင်းလေးတို့အားတို့ထိရင်း သူကျေနပ်မိတယ်...ရုတ်တရပ်သူ့လက်များအားဖမ်းဆွဲလိုက်တဲ့ လက်ဖဝါးနွေးနွေးကြောင့် သူအတွေးလွန်ရာက ကြည့်မိတော့ သူ့ကိုမြတ်နိုးတဲ့အကြည့်တွေနဲ့ကြည့်နေတဲ့ မျက်ဝန်းတစ်စုံနဲ့စုံတယ်...
"နိုးရင်ထတော့လေ ဘာလို့ကိုယ့်မျက်နှာကိုအခုလိုကလိနေရတာလဲ"
"သဘောကျလို့"
".???"
"Jungguk ရဲ့မျက်နှာအစိတ်အပိုင်းလေးတွေကိုသဘောကျလို့ ထိကြည့်နေတာ"
"Tae ကတော့ကွာ ဒါဆိုကိုယ်အရင်ထပြီ"
ရှက်ရှက်နဲ့ထကာ ထွက်သွားတော့ jungguk ကိုကြည့်ရင်း taehyung တိုးတိုးလေးရယ်လိုက်တယ်...မနက်စာကိုအတူတူစားရင်း ရုံးကိုတော့ ကိုယ်ရုံးကိုကိုယ်ပဲသွားဖြစ်ကြတယ်...jeon ကအလုပ်ကိုကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်လာပြီမို့ သူလည်းစိတ်ချလက်ချလွတ်ထားတော့သည်...ဘယ်လောက်ပဲအတိတ်မေ့တယ်ပြောပြော jeon ကစီးပွားရေးမှာပါရမီပါတယ်ပြောရမယ် ၁လလောက်နေတော့ သူတော်တော်ကျွမ်းကျင်သွားတယ်...Company ကိုရောက်တော့ ကိုယ်နေ့စဥ်လုပ်ရတဲ့လက်မှတ်ထိုးခြင်းအလုပ်ကိုအရင်လုပ်ရတယ်...စာရွက်စာတန်းတွေကိုသေချာကြည့်ရင်း လက်မှတ်ထိုးနေတုန်း မိမိဆီသို့ဖုန်း call တစ်ခုဝင်လာခဲ့တယ်....
"Hello"
"......."
"ဘာ!!အဲ့တော့တရားခံက တစ်ယောက်လား နှစ်လောက်လား"
"......"
"ကောင်းပြီ ကျွန်တော်အခုချက်ချင်းလာခဲ့ပါ့မယ်"
Jungguk တစ်ယောက် အလုပ်တွေကိုကောင်းမွန်စွာဦးစီးနိုင်ပြီ ဖြစ်သည်...tae အမ taesaung ကရုံးကိုအကြောင်းမရှိအကြောင်းရှာလာတက်တာကလွဲလို့ jeon jungguk အတွက်နေ့ရက်တိုင်းကအဆင်ပြေနေပါတယ်...
"CEO ကမဝင်ခိုင်း..!"
"Hey jeon တို့နေ့လည်စာလာပို့တာ"
My sexy baby ( Complete )Dove le storie prendono vita. Scoprilo ora