Unicode
"ကျွန်တော်တို့ရဲ့10 နှစ်ပြည့် Company အခမ်းအနားကိုတက်ရောက်လာကြတဲ့လူကြီးမင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်...10 နှစ်အတွင်း Company က top 10 ဇရင်းဝင်ခဲ့သလို စီးပွားဖက် Mr.Ooh ကိုလည်းကျေးဇူးအထူးတင်ရှိသလို အလုပ်ကြိုးစားပေးခဲ့ကြတဲ့ Company အဖွဲ့တူအဖွဲ့သားတွေကိုလည်းကျေးဇူးတင်ပါတယ်..နောက်နှစ်တွေလည်းအခုလို အောင်မြင်ကျော်ကြားပြီး မားမားမတ်မတ်ရပ်တည်နိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်"
သူ့စကားသံကြောင့် စင်အောက်က ပရိတ်သတ်အပေါင်းဟာ လက်ခုပ်သြဘာတီးကုန်တော့တယ်...
"Mr.choi တို့များ စကားကောင်းချက်!"
"Jeon tae ဟိုမုန့်လေးစားချင်လို့ယူပေးပါဦး!"
ချစ်ရသူလေးစားချင်တဲ့မုန့်များအားယူကာ ပန်ကန်ထဲထည့်ပေးနေသော jeon ဟာအလွန်ခန့်ညားကာကြည့်ကောင်းလို့နေတယ်...ထို့အတူ ချစ်ကြည်နူးနေကြသောမြင်ကွင်းအား သေနတ်မှန်ပြောင်းကတစ်ဆင့်ကြည့်နေသော snapper တစ်မားတစ်ယောက်...အမြင့်တစ်နေရာကချိန်ကာ စကားပြောနေသော ကောင်လေးနှစ်ဦးထဲမှတစ်ဦးကို သေချာချိန်ညှိနေသော ထိုလူ....
"အဆင့်သင့်ဖြစ်ပြီ!"
သူ့စကားသံအဆုံး တစ်ဖက်က နားကြပ်တပ်ထားသော Choi Bomso တစ်ယောက်ပြုံးသွားသောနှုတ်ခမ်းပါး....
'ဟက်!မကြာခင် အချိန်ကောင်းရောက်ရှိလာတော့မှာပဲ'
ဖျောက်!
ပြတ်ကျသွားသော taehyung ရဲ့လက်ပတ် steel ကြိုးပါးပါးလေး...ထိုအချင်းအရာကိုမြင်တဲ့ jungguk ဟာ taehyung လက်ကောက်ဝတ်မှပြတ်ကျသွားသော steel အားကုန်းကောက်လိုက်လျှင်ဖြင့် ဖြတ်ခနဲ ဖြတ်သွားသောကျည်တစ်ထောင့် သူ့အနောက်က ဖန်ခွက်များဆင့်ကာဝိုင်နီအလှထည့်ထားတဲ့နေရာကိုမှန်လျှင် အစိတ်စိတ်အမွှာမွှာ ကွဲကျကာ သံဇဥ်နဲ့ငြိမ်သက်နေသောထိုနေရာက တစ်ခဏတွင်းချင်းဆူညံသွားတော့သည်...ပြေးတဲ့သူကပြေး ပုန်းတဲ့သူကပုန်းနဲ့ jungguk နှင့် taehyung မှာလည်းအတူတူ ထိုင်ချလိုက်မိတော့တယ်...
မျက်နှာတစ်လျှောက်စီးဆင်းလာသောသွေးဟာ ဘယ်ဘက်မျက်နှာမှ လျှပ်ထိသွား၍ရသွားသောဒဏ်ရာပင်...ရုတ်တရပ်ဖြစ်သွားသည်ကြောင့် jungguk ရင်တွေအဆမတန်ခုန်လာတယ်...
ESTÁS LEYENDO
My sexy baby ( Complete )
FanficJeon Jungguk : ကိုယ်ကမင်းသိတဲ့လူမဟုတ်ဘူးဆိုရင်ရော Kim Taehyung : Jeon က jeonပဲမို့ ရှေ့ဆက်လည်း tae ရဲ့ jeon ဖြစ်နေဦးမှာပဲ