1.3K 140 2
Unicode
Jungguk company ကိစ္စကိုလေ့လာချင်တယ်ပြောလိုက်တာနဲ့ taehyung ကချက်ချင်းပဲ ဒီနေ့သွားမဲ့အလုပ်ကိုဖျက်လိုက်ပြီး သူ့အတွင်းရေးမှူးMin ဆိုသူအား Company နဲ့ပတ်သတ်တဲ့စာရွက်စာတန်းတွေယူလာခိုင်းခဲ့တယ်...မနက်စာစားနေရင်း Jungguk စိုးရိမ်မိတာက သူက basket ball ပဲကစားတက်တာ စီးပွားရေးကိုတော့မကစားတက်ဘူး...အလွဲလွဲအချော်ချော်ဖြစ်ပြီးဒေဝါလီခံလိုက်ရရင်ဘယ်လိုလုပ်မလဲ...ပြောတုန်းကပြောပြီးမှ Jungguk စိတ်ထဲမပျော်မရွင်ဖြစ်လာတော့တယ်...ဟင်းးး
သက်ပြင်းတချချဖြစ်နေတဲ့ Jungguk ကြောင့် taehyung တစ်ခုခုကိုခံစားမိလိုက်တယ်.....
"အာ..tae အရမ်းများလောသွားလား"
"မ..မဟုတ်ပါဘူး..ဒါပေမဲ့.."
Jungguk တဖြည်းဖြည်းနောင်တရချင်လာသလိုတောင်ခံစားလာရပြီ....
"ဒါပေမဲ့ ဘာဖြစ်လဲ"
Taehyung ပုံစံကိုကြည့်ပြီး Jungguk မှာငြင်းရခက်နေတာ...ဘာပဲဖြစ်ဖြစ်သူ့ကိုသေချာသင်ပေးပြီးမှ Company အလုပ်ကိုလုပ်ခိုင်းမှာမလား..ပြီးတော့ငါသေချာနားလည်ပြီဆိုမှသူငါ့ကိုအလုပ်လုပ်ခိုင်းမှာမလား....
"ဘာမှမဟုတ်တော့ပါဘူး"
"Jeon ကြည့်ရတာ company မှာအမှားလုပ်မိမှာစိုးရိမ်နေပုံပဲ...အဲ့အတွက်ဆိုစိတ်ပူမနေနဲ့ jeon သေချာမစီမံနိုင်သ၍ tae ဘေးကနေထောက်ပံ့နေမှာမို့လို့ jeon ကိုယ်တိုင်ယုံကြည်ချက်ရှိလာပြီဆိုမှ tae လွတ်ပေးမှာပါ"
Taehyung စကားက Jungguk ရဲ့စိုးရိမ်စိတ်ကိုအကုန်မဟုတ်ရင်တောင်ထက်ဝက်လောက်လျော့ပါးသွားစေခဲ့တယ်...Jungguk taehyung အားပြုံးပြလိုက်တယ်...သူဒီကိုရောက်ကတည်းက taehyung ကိုပြုံးတောင်မပြုံးပြခဲ့ဘူးမလား...သူကတကယ်ကိုကျေးဇူးတင်ဖို့ကောင်းတယ်...
Taehyung ကတော့ Jungguk ရဲ့အပြုံးကိုကြည့်ရင်းပျော်နေခဲ့ပေမဲ့ Jungguk သာအတိတ်ကိုမှတ်မိသွားခဲ့ရင်သူ့ကိုပြန်မုန်းသွားမလားဆိုတဲ့အတွေးပါထပ်ဝင်လာသည်မို့ ခပ်ဆွေးဆွေးအပြုံးတစ်ခုကိုသာပေးနိုင်ခဲ့တယ်....
"Jeon စိတ်မရှိရင်အမြဲအဲ့လိုလေးပြုံးပြနိုင်မလား"
Jungguk အနေနဲ့ပြုံးတာကမခက်ပေမဲ့ ခပ်ဆွေးဆွေးလေးတောင်းဆိုလာတဲ့ taehyung ကြောင့် သူ့မှာကြောင်တောင်တောင်လေးကြည့်မိတယ်...သူတို့အချိန်တစ်ခုထိတစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်ပြီးနောက်မှာတော့....
My sexy baby ( Complete )Hikayelerin yaşadığı yer. Şimdi keşfedin