ကိုယ့်လက်ကိုမလွှတ်ချလိုက်ပါနဲ့ Tae...ကိုယ့္လက္ကိုမလႊတ္ခ်လိဳက္ပါနဲ႕ Tae...

1.1K 125 3
                                    

Unicode

တဝီဝီနဲ့မြို့ထဲ ဆူညံစွာ‌ပြေးလွှားနေတဲ့လူနာတင်ကားလေး ... ထိုကားထဲက လူတွေကလည်းရောက်ရပ်ခတ်လို့နေတယ်...

"ကျည်ဆံကလူနာရဲ့နှလုံးကိုထိမှန်နေတာမို့ ခွဲစိတ်မှပဲအဆင်‌ပြေလိမ့်မယ်"

"ဒေါက်တာ!သွေးထွက်နေတာကိုဘယ်လိုလုပ်ရမလဲ!"

"အရင်ဆုံးသွေးထွက်မလွန်အောင် အဝတ်နဲ့ဖိထားတာကလွှဲလို့လာမှမတက်နိုင်သေးဘူး နှလုံးတည့်တည့်ကိုကျတာမို့အခန့်မသင့်ရင်သေသွားနိုင်တယ်..."

Jungguk တစ်ယောက် ကမ္ဘာပျက်နေလေပြီ...သူခုဏကဘာကိုကြားခဲ့တာလဲ...ကိုယ်နောင်တရနေပြီမို့ ပြန်လာခဲ့ပေးပါ tae ... ကိုယ့်အပြစ်တွေအတွက် ကိုယ့်ကိုလာထုရိုက်ပါဦး ... ကိုယ့်ကိုထရိုက်ပါဦး...ကိုယ့်ကိုထရိုက်ဖို့ tae အားမလျော့ပါနဲ့နော်...လုံးဝအားမလျော့လိုက်ပါနဲ့...

ဆေးရုံကိုရောက်တော့ အရေးပေါ်လူနာအဖြစ် tae က ချက်ချင်းခွဲခန်းဝင်ရတယ်...nurse မတစ်ယောက်ရဲ့ လက်မှတ်ထိုးပေးရမည်ဆိုသော‌ကြောင့် သူယူကြည့်မိတော့ လူနာသေသွားခဲ့သည်ရှိသော် အရေးမယူပါဟူသော လက်မှတ်ပင်...

Jungguk ထိုစာကိုကြည့်ရင်း ကြက်သေသေနေမိတယ်...nurse မရဲ့ လက်မှတ်ထိုးမှခွဲစိတ်လို့ရမှာမို့ အမြန်ထိုးပေးဖို့တောင်းဆိုမှ သူအမြန်လက်မှတ်ထိုးလိုက်တယ်..အခုအချိန်မှာ tae အတွက်အချိန် ၁ မိနစ်ကတောင်အရေးကြီးနေသည်မဟုတ်လား...

လက်မှတ်ထိုးပြီးသည်နှင့် လုပ်စရာရှိသည်များကိုလုပ်နေတဲ့ ဆရာဝန် နဲ့ nurse များ ကျွန်တော်အရေးပေါ်ခွဲခန်းရှေ့ထိုင်နေမိတယ် သိပ်မကြာခင်မှာပဲအဖေနဲ့အမေ ရောက်လာခဲ့တယ်...taehyung ရဲ့အဖေနဲ့အမေလည်းရောက်လာခဲ့ပေမဲ့ Kim Taesaung ကတော့ရောက်မလာခဲ့ပေ...

၃ နာရီကြာတဲ့အထိ ခွဲစိတ်ခန်းထဲမှ ထွက်လာသူမည်သူတစ်ဦးတစ်ယောက်မှမတွေ့ရပေ...စိုးရိမ်စိတ်ကြောင့် တဒိတ်ဒိတ်ခုန်နေသော ရင်ဘက်ရယ် ရှိသမျှဘုရားစာစိတ်ထဲမှရွတ်ဆိုရင်း အောင်မြင်ဖို့ရည်စူးတယ်...

အခန်းထဲကပြေးထွက်လာတဲ့ nurse မတစ်ယောက်...

"လူနာရှင်က နှလုံးအထက်ကသွေးကြောပေါက်ပြီးသွေးတွေဒလဟောထွက်နေတယ် သွေးအမျိုးအစားတူတဲ့လူကို 1 နာရီအတွင်းရှာပေးပါ!"

My sexy baby ( Complete )Where stories live. Discover now