Unicode
Taehyung အိပ်နေရာမှ မနက်ခင်းရဲ့နေရောင်ခြည်ကြောင့် နိုးလာခဲ့သည်...သို့သော်သူ့မျက်ဝန်းတွေကိုတော့မဖွင့်သေးဘဲ ဆက်အိပ်လိုက်သည်...မနေ့ကသူပင်ပန်းထားတယ်လေ..အတွေးနဲ့အတူပြုံးရင်းဘေးနားကိုစမ်းကြည့်တော့ အေးစက်နေတဲ့အိပ်ရာ...မျက်မှောင်ကျုံ့ရင်း မဖွင့်ချင်တဲ့မျက်ဝန်းကိုဖွင့်လိုက်တော့ သူ့ရှေ့ကမှန်မှာအကျအန နက်ကတိုင် စီးနေပါသော jungguk....."Jeon~"
ခပ်ဆွဲဆွဲခေါ်မိတော့ ချက်ချင်းလှည့်ကြည့်လာကာ သူ့ဘေးဝင်ထိုင်တယ်....
"အဆင်ပြေရဲ့လား tae ..ကိုယ်အစည်းအဝေးလှမ်းခေါ်နေလို့သွားမှရမယ်"
"ဟွန့်!"
နှာခေါင်းလေးရှုံ့ကာ နှုတ်ခမ်းလေးဆူလာတော့ jungguk ထိုနှုတ်ခမ်းလေးအားဖြတ်ခနဲနမ်းလိုက်တယ်....
"Morning kiss"
ကိုယ့်ဘာသာလုပ်ပြီး ရှက်ရမ်းရမ်းကာ အခန်းထဲပြေးထွက်သွားသော jungguk ကိုကြည့်ရင်း taehyung ဟက်ခနဲရယ်မိတယ်...
"ဘယ်တုန်းကများအသားယူရဲသွားတာပါလိမ့်"
ကိုယ့်အတွေးနဲ့ကိုယ်တွေးနေတုန်းအခန်းထဲတစ်ဖန်ပြန်ဝင်လာသော jungguk.....
"တစ်ခုခုကျန်ခဲ့လို့လား"
ဘာမှမပြောဘဲ ကိုယ်စီလာကာ စွေ့ခနဲ ပွေ့ချီလိုက်တော့ လူကလန့်ပြီးလည်တိုင်ကိုအပြေးဖက်မိတယ်....
"Jungguk ဘာလုပ်တာလဲ!"
အလန့်တကြားဆိုလာသောကိုယ့်ကို တစ်ချက်တောင်လှည့်မကြည့်ဘဲ ရေချိုးခန်းထဲခေါ်လာတော့မှ သိတယ်....
"ကိုယ်ကြောင့် မင်းနေရထိုင်ရခက်ခဲနေမှာ...ကိုယ်မင်းအနားမှာရှိချင်ပေမဲ့ အလုပ်ကိစ္စကလည်းအရေးကြီးနေတော့..."
"Hey~jeon...tae အဆင်ပြေပါတယ် အဲ့အစားအစည်းအဝေးကပြန်လာရင်ပိုဂရုစိုက်ပေးပေါ့"
"အင်း လိုအပ်တာရှိရင် အဒေါ်ကြီးကိုခေါ်ခိုင်းလိုက် ကိုယ်သူ့ကိုဒီနေ့အကူအညီတောင်းထားပြီးသား"
"အင်းပါ jeon ရဲ့သွားတော့လေ နောက်ကျနေဦးမယ်"
"အင်း ကိုယ်သွားပြီ"
CZYTASZ
My sexy baby ( Complete )
FanfictionJeon Jungguk : ကိုယ်ကမင်းသိတဲ့လူမဟုတ်ဘူးဆိုရင်ရော Kim Taehyung : Jeon က jeonပဲမို့ ရှေ့ဆက်လည်း tae ရဲ့ jeon ဖြစ်နေဦးမှာပဲ