ကျွန်တော်က single.... ကြၽန္ေတာ္က single

2.2K 170 4
                                    

Unicode

သာယာတဲ့နေ့တစ်နေ့ရဲ့ ကျောင်းတစ်ကျောင်းက အားကစားခန်းမဟာ ဆူညံသံတစ်ချို့ရှိနေကြပြီး တက်ကြွတဲ့အငွေ့အတက်များပြည့်ဖုံးလို့နေတယ်....

ဘန်း!!ဘန်း!!...

Basketball မြည်သံက အားကစားခန်းမထဲဟိန်းထွက်နေသလို ကျောင်းသူတစ်ချို့ကလည်း သူ့အား အားပေးနေကြတယ်....

"အားးးးး!!!ကိုကို jungguk!!!"

ကျောင်းသူမလေးများရဲ့ဆူညံသံဟာ ထိုကောင်လေးအကြည့်တစ်ချက်ကြောင့် ပိုလို့ဆူညံလာခဲ့တယ်.....
"Jungguk!!"

အက်ရှရှ ခေါ်သံတစ်ခုကြောင့် သူ basketball ခြင်းထဲထည့်ရန်ဟန်ပြင်နေရာကအာရုံလွဲသွားခဲ့တယ်...

ဘုန်း!

သူသိလိုက်တာ သူ့နဖူးကအလွန်တရာနာကျင်ခံစားလိုက်ရတာကိုပင် သူ့မျက်စိရှေ့က ကျောင်းအားကစားခန်းမရဲ့မျက်နှာကျက်ဟာတဖြည်းဖြည်းဝေးဝါးလာပြီး ဘာသံမှမကြားရတော့သလို သူ့မျက်ဝန်းများကမှိတ်ကျသွားတော့တယ်.....

.
.
.
.
.

"အွင်းးးး...ရေ...ရေ.."

နိုးလာကတည်းက အာခေါင်ခြောက်လှသည့်မို့ သူရေအရင်တောင်းမိတော့ သူ့ပါးစပ်နားကပ်လာတဲ့ ပိုက်ပုံသဏ္ဍာန်ရှိသောအရာတစ်ခုကြောင့် သူစုပ်သောက်လိုက်တော့ အားးးးးး အခုမှပဲ အဆာပြေတော့တယ်....

" jungguk~"

သူ့နားထဲဝင်လာတဲ့တိုးညင်းတဲ့စကားသံတစ်ခု...ထိုအသံကနူးညံ့သိမ်မွေ့ကာ သြရှရှလေးပင်...jungguk သူ့ဦးနှောက်ထဲသူ့သူငယ်ချင်းမည်သူဖြစ်မည်ကိုစဥ်းစားလိုက်သော်ငှားသူမသိပေ...ထို့ကြောင့်သူ့မျက်လုံးများကိုအတက်နိုင်ဆုံး ဖွင့်ကြည့်လိုက်တော့ စူးရှတဲ့အလင်းတန်းက သူ့မျက်လုံးထဲတန်းနေအောင်ဝင်လာတယ်....သူမျက်လုံးတွေကိုပြန်မှိတ်ရင်း အလင်းရောင်နဲ့အသားကျစေရန်မျက်တောင်ကိုတစ်ဖျက်ဖျက်ခတ်လိုက်တော့ ပေါ်လာတဲ့ဆေးရုံမျက်နှာကျက်......
"Jungguk~အဆင်ပြေရဲ့လား"

ညင်သာစွာမေးနေသော အသံပိုင်ရှင်လေးအားသူသိချင်လှသည်မို့လှည့်ကြည့်လိုက်တော့ ခပ်ချောချောကောင်လေးတစ်ယောက်...အဝတ်အစားကိုသူနဲ့လိုက်ဖက်စွာဝတ်ထားပြီး သူ့ကိုလည်းအလွန်တရာ စိုးရိမ်နေဟန်...သို့သော်ထိုကောင်လေးကိုသူမသိ...သူကြောင်ကြည့်နေတုန်းမှာပဲဆရာဝန်တွေရောက်ချလာတယ်.....

My sexy baby ( Complete )Nơi câu chuyện tồn tại. Hãy khám phá bây giờ