1.2K 133 3
Unicode
"မင်းအခုဘာလုပ်လိုက်တာလဲ ဟမ်း!..ဘာလဲ!ငါ့ကိုမကျေနပ်လို့အခုလိုလုပ်တာလား!"
ဒေါသတကြီး ဖုန်းပြောနေတဲ့ ကောင်လေးတစ်ယောက်...ကားကိုအရှိန်တင်ပြီးရင်းတင်ကာ ကိုယ်သွားလိုရာကိုသွားနေခဲ့တယ်...သေချာပေါက် ခံစားချက်များနေပြီး ဖုန်းပြောကာ ကားမောင်းခြင်းဟာ အန္တရာယ်သိပ်များပါတယ်...သို့သော်ထိုကောင်လေးဟာထိုအရာတွေကိုမမှုနိုင်ပါ....
"ဟား..ဟား..ဘာလဲ အခုမှအရူးလိုလာဖြစ်မနေနဲ့!!ဒီလိုတွေဖြစ်အောင် ရှင်ကိုယ်တိုင်ပဲ လုပ်ခဲ့တာလေ!!ဘာတွေကိုအခုမှ ကျွန်မကိုလာအပြစ်တင်နေတာလား!!"
"ကျစ်!!မင်း!!အေး အဲ့အရှုပ်ထုပ်တွေကိုငါကိုယ်တိုင်ရှင်းထုတ်ပြမယ်!!"
"ဟား..ဟား..ဟား...လုပ်လိုက်စမ်းပါ ကျွန်မကလည်းဘယ်တော့မှရှင့်ကို အရှုံးခံမှာမဟုတ်ဘူး!!"
"အားးး!!!"
ဒေါသထွက်လွန်းလို့ ပြောလက်စဖုန်းကိုပင် လမ်းမထက်ပြစ်ချမိလျှင် ဖုန်းလေးဟာအရှိန်ကြောင့် တစ်စဆီပျက်စီးလျှက်...သူ့စိတ်ထဲ ဒေါသတစ်ခုသာရှိသည့်အတွက် ကားကိုမြန်သထက်မြန်အောင်သာမောင်းနေမိတယ်....တစ်ဖက်က ကောင်မလေးမှာလည်း ကျသွားတဲ့ဖုန်းလေးကိုကြည့်ရင်း မျက်ရည်တွေတသွင်သွင် စီးကျလို့နေတယ်...
"ငါတောင်းပန်ပါတယ် jeon မစွန့်လွှတ်နိုင်လို့ပါ~"
"အမ!"
       နောက်နားဆီကအသံကြောင့် သူမလှည့်ကြည့်မိတော့ kim taehyung...jungguk အားပြန်ကြည့်မိတော့ ခုဏကခြိမ်းခြောက်လိုက်တာသူမဟုတ်သလိုဖြူစင်တဲ့အပြုံးနဲ့ taehyung ကိုကြိုဆိုနေတယ်....
"Tae ဘယ်လိုလုပ်ရောက်လာတာလဲ"
"ဘာလဲ ကိုယ့်ယောက်ျား Company ကိုလာချင်တိုင်းလာလို့မရဘူးလား"
"မဟုတ်ရပါဘူး tae သဘောပါပဲ"
"အမ ကဒီကိုဘာလို့ရောက်နေတာလဲ"
"အမ်.."
      သူ့အားစူးရဲစွာကြည့်နေတဲ့မျက်လုံးနှစ်စုံ...တစ်ယောက်သောသူရဲ့မျက်ဝန်းကတော့ လှောင်ရိပ်များနဲ့ပြည့်နေတယ်....
My sexy baby ( Complete )Onde histórias criam vida. Descubra agora