Apple of my Eye (Alternative universe of Ennead)Chapter-2

82 8 0
                                    

"စောင့်ရတာကြာသွားပြီလား...''

နန်းဆောင်ထဲမှထွက်လာသောRaကNutကို ကျူပင်စာလိပ်လှမ်းပေးရင်းမေးလိုက်သည်

"ထင်ထာထက်ကြာသားပဲ...ကလေးတွေကအဖေ့ကိုဘာတွေလျှောက်မေးနေလို့လဲ...''

"သမီး နင်လျှောက်ပြောထားတဲ့ အထင်လွဲမှုတွေကိုလိုက်ဖြေရှင်းနေရတယ်လေ...''

"ဟို...သူတို့ရဲ့စွမ်းအင်အခြေအနေ...''

"အင်း...အရမ်းငယ်သေးပေမယ့် စွမ်းအင်တွေကထင်ထင်ရှားရှားမြင်ရတယ်...အကြီးဆုံးလေးက အသက်ဓာတ်ကိုအစိုးရမယ့်သူပဲ...အလတ်မလေးကတော့မှော်ပညာလို့ပြောရမလား...အငယ်မလေးကတော့ ငြိမ်းချမ်းရေးနဲ့သံစဥ်တွေကိုယူဆောင်လာလိမ့်မယ်...အငယ်ဆုံးလေးကတော့
ကန္တာရကိုပိုင်ဆိုင်မယ့်သူပဲ...အချိန်တန်ရင်သေချာလေ့ကျင့်ပေးလိုက်ပါ...''

"တကယ့်ကိုပဲ အဖေ့ရဲ့စွမ်းအင်ကြည့်တဲ့အရည်အချင်းက အရင်လိုတိကျနေတုန်းပဲ...သမီးလည်းကြည့်တော့ကြည့်ခဲ့ပေမယ့် အဲလောက်ထင်ထင်ရှားရှားထွက်မလာဘူး...''

"ရှိတယ်မဟုတ်လား...သမီး ကလေးလေးယောက်လုံးကိုတန်းတူထားပေးမှဖြစ်မယ်...မဟုတ်ရင်တော့နည်းနည်းပြဿနာဖြစ်နိုင်ခြေရှိတယ်...သမီးရဲ့ကြယ်တွေကပြောပြမှာပါ ကလေးတွေက မီးဓာတ်စိုးမိုးတဲ့အချိန်မှာမွေးလာတာဆိုတော့ အဲ-''

Nutက သူ့ကိုရုတ်တရက်လှမ်းဖက်လိုက်သည်

"ဘာဖြစ်တာတုန်း ဒါက...''

" ကျေးဇူးတင်ပါတယ်ခမည်းတော်...ကလေးတွေကိုဒီလောက်ထိဂရုစိုက်ပေးမယ်လို့မထင်ခဲ့မိဘူး...တကယ် သမီးအဖေအရင်းထက်ပိုပြီးကောင်းပေးတဲ့အဖေပဲ...''

" နင့်အဖေကြားရင်ငါ့ကိုစိတ်တိုနေပါ့မယ်သမီးရယ်...''

သူNutကိုပခုံးပုတ်ပြီးနှစ်သိမ့်ပေးလိုက်သည်

"အဖေသွားစရာရှိသေးတယ် လောကကြီးကိုအလင်းရောင်ပေးရဦးမယ်လေ...နောက်မှတွေ့ကြမယ်...''

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

"အဲဒီတော့ အမွေဆက်ခံသူကိုရွေးပြီးပါပြီလား?...''

Apple of my EyeWhere stories live. Discover now