Apple of my Eye(Alternative universe of Ennead)Chapter-3

30 6 2
                                    

အရုဏ်တက်ချိန်တွင်ရောင်နီသန်းလာသောနေဝန်းနှင့်အတူ မိမိမြေ၏​ကောင်းကင်ယံသို့ပြန်လည်ရောက်ရှိလာသောနေနတ်ဘုရားRa...

ကျေးငှက်တို့၏တွန်ကျူးသံကိုအဝေးမှခပ်သဲ့သဲ့ကြားနေရသည် သက်ရှိလူသားတို့ တရွေ့ရွေ့လှုပ်ရှားနေသည်ကိုလည်း တိမ်စိုင်များကြားမှလှမ်းမြင်နေရသည် သူတည်ထောင်ခဲ့သောထိုနိုင်ငံတော်သည် ပေါ်ထွက်လာကာစ နေဝန်း၏ဂုဏ်ကျက်သရေနှင့်အတူ တောက်ပစွာသက်ဝင်လှုပ်ရှားနေသည်

" ငါ့လူတွေအဆင်ပြေကြမှာပါနော်...နန်းတော်မပြန်ခင်တစ်ခါလောက်အောက်ဆင်းကြည့်လိုက်ရမလား?...''

စစ်ရထားကို လူသူကင်းရာနေရာတစ်ခုတွင် အယောင်ဖျောက်ထားခဲ့ပြီး သာမန်လူအသွင်ဖြင့်လမ်းသွယ်လေးအတိုင်းလျှောက်လာခဲ့သည်

" နေနတ်ဘုရားအရှင်ကိုဂါရဝပြုပါတယ် ဒီမြေကိုအခုထက်ပိုပြီးစောင့်ရှောက်ပေးပါဦး...''

Ra မျက်လုံးပြူးသွားပြီး အသံလာရာလှည့်ကြည့်လိုက်သည်
သစ်သီးလှည်းတစ်စီးဘေးမှာသူ့ကိုကျောပေးရပ်ပြီး
နေထွက်ရာအရပ်သို့မျက်နှာမူ၍ ဝတ်ပြုဆုတောင်းနေသူတစ်ယောက်

[ဟား တော်သေးတာပေါ့ ငါဆင်းလာတာကိုသိသွားတယ်ထင်နေတာ]
သူ စိတ်ထဲမှတီးတိုးရေရွတ်လိုက်သည်

"ဒီနေ့ရောင်းစရာရှိတာတွေလည်းအကုန်ရောင်းထွက်အောင်ကူညီပေးပါဦး ဟီးဟီး...''

"ခွီ...''

သူ အသံထွက်ရယ်မိသွားသည်
လူငယ်လေးကနောက်ကိုလှည့််ကြည့်ပြီးလှမ်းပြောသည်

" ဦးလေးကြီး...ကျွန်တော့်ဘာသာဆုတောင်းနေတာကိုဘာလို့ရယ်တာလဲ?...ခင်ဗျားကိုနေနတ်ဘုရားကဒဏ်ခတ်လိမ့်မယ်နော်...''

"...ငါ့ကို?''

ဆံပင်ခရမ်းရောင်ကိုခပ်လျော့လျော့စည်းထားသောလူငယ်လေးက သူ့ဆီလျှောက်လာပြီးပြောသည်

" ခင်ဗျားကိုအစကဒီနားမှာမမြင်ဖူးပါဘူး...ဘာလုပ်ဖို့ဒီရောက်လာတာလဲ?...''

" မင်းကဘယ်သူမို့လို့ငါ့ကိုလာပြီး-နေပါဦးဒီနယ်မြေက နယ်စားမင်း...ဘယ်သူပါလိမ့်...အော Tuya (တူယာ)ရဲ့နယ်မြေမဟုတ်လား...သူစိမ်းမလာရဘူးလို့လည်းမကြားမိပါဘူး...''

Apple of my EyeWhere stories live. Discover now