Apple of my Eye(Alternative universe of Ennead)Chapter-11

20 0 0
                                    

ပင်လယ်ပြင်ကိုအပေါ်စီးမှမြင်ရသောနေရာ လေထဲတွင်ရပ်တန့်‌ထားသော နေနတ်ဘုရား၏သင်္ဘော

လှိုင်းများတရွေ့ရွေ့သွားနေသံ စင်ယော်ငှက်တို့၏မြည်ကြွေးသံ လေညှင်းများတိုက်ခတ်နေသံတို့မှအပ အခြားအသံများကိုမကြားရပေ

" ဟိုမှာကြည့် သူတို့တက်လာကြပြီ "

ရေအောက်မှ ရေပြင်ဆီသို့ဖြည်းဖြည်းချင်းတက်လာသော ဝေလငါးကြီးများ
၎င်းတို့မှုတ်ထုတ်လိုက်သောလေနှင့်အတူပါလာသည့်ရေမှုန်ရေမွှားများကို နေရောင်ထိုးသည့်အခါ သက်တံ့အရောင်အဖြစ်ပြောင်းလဲသွားတော့သည်

" ဝိုး...လှလိုက်တာ... သူ ဒါကိုသဘောကျမှာသေချာတယ်..."
" နောက်ကျရင် သူ့ကိုသေချာပေါက် ဒီကိုခေါ်လာပြပေါ့"

Seth သူ့ခမည်းတော်မျက်နှာကိုစေ့စေ့ကြည့်လိုက်သည် ပင်လယ်ပြင်ဆီငေးကြည့်နေသောနီစွေးစွေးမျက်ဝန်းများက နဂိုအတိုင်း သူ့အတွက်နွေးထွေးမှုအပြည့်...

" ပါပါး..."
" ဟင်?"
Seth သူ့ခမည်းတော်ပခုံးပေါ်မှီအိပ်လိုက်သည်
" နေနတ်ဘုရားRaဆိုတဲ့ဖြစ်တည်မှုသာ ကျွန်တော့်နားမှာမရှိခဲ့ရင် ကျွန်တော်အခုဆိုဘာတွေဖြစ်နေလောက်ပြီလဲ?"

သူ တစ်ချက်စဉ်းစားလိုက်ပြီး...
" အင်း...မပြောတတ်ပါဘူးကွယ်...ဒါပေမယ့်Sethဆိုတဲ့ဖြစ်တည်မှုလေးသာ အနားမှာမရှိခဲ့ရင် ဒီနေနတ်ဘုရားဟာအခုထိတကယ်ဆိုးသွမ်းတဲ့နတ်ဘုရားတစ်ပါးဖြစ်နေဦးမှာပဲ..."
သူ ပြုံးလိုက်မိသည်
" ကျွန်တော်တို့ ကတိပြုထားသလိုပဲပေါ့...ဒီဖခင်နှင့်ဒီသားသမီးသည်သေလည်းအတူ ရှင်လည်းအတူ...ပြီးတော့..."

ကတိစကား၏နောက်ဆုံးစာကြောင်းကို ပြိုင်တူရေရွတ်ရင်း တစ်ယောက်လက်ကိုတစ်ယောက် ခပ်တင်းတင်းဆုပ်ကိုင်လိုက်ကြသည်

"...ထာဝရ အဆုံးမရှိ အမြဲတမ်း..."

⚜️⚜️⚜️⚜️⚜️

" ‌စိုက်ပျိုးမြေတွေရဲ့ မြေဆီမြေနှစ်တွေက တဖြည်းဖြည်းခန်းခြောက်လာပါတယ်...ကျွန်တော်အစွမ်းကုန်ကြိုးစားပြီး ပြုပြင်ကြည့်ပေမယ့် ထူးမလာပါဘူး..."
မြေပြင်နတ်ဘုရားGebက မနက်ခင်းအစည်းအဝေးတွင် နေနတ်ဘုရားဆီလျှောက်တင်လိုက်သောစကားသံ

You've reached the end of published parts.

⏰ Last updated: Aug 03, 2022 ⏰

Add this story to your Library to get notified about new parts!

Apple of my EyeWhere stories live. Discover now