Apple of my Eye(Alternative universe of Ennead)Chapter-10

14 0 0
                                    

တော်ဝင်နေနတ်ဘုရားကျောင်း၏နန်းဆောင်ထဲတွင် အလှပြ ဝါးကျည်တောက်ကလေးထဲမှရေစက်များ တတောက်တောက်ကျဆင်းသံမှလွဲ၍ ပကတိတိတ်ဆိတ်လျက်ရှိသည်

ခပ်သဲ့သဲ့ကြားလိုက်ရသောရှိုက်သံတစ်ချက်ကြောင့်  Ra ဖတ်လက်စ အစီရင်ခံစာများကို ခဏချပြီး ခုတင်ပေါ်တွင်သူ့ကိုကျောပေးအိပ်နေသော အိမ်ရှေ့စံမင်းသားငယ်ကို တစ်ချက်ကြည့်လိုက်မိသည်

ရှိုက်သံက ယခင်တစ်ခေါက်ထက်ပို၍ပီပြင်လာသည်
သူ ခုတင်ရှိရာလျှောက်သွားပြီး Osirisပခုံးကိုခပ်ဖွဖွထိလိုက်သည်

"Osiris?"

" ဟင်?"

သူ့ခန္ဓာကိုယ်က လန့်ဖျပ်ပြီးဆတ်ကနဲတုန်သွားသည် မျက်ရည်များကိုကပြာကယာသုတ်ပြီး အိပ်နေရာမှထထိုင်ကာ ခမည်းတော်ရှိရာသို့မျက်နှာမူလိုက်သည်

" ကျွန်တော်-"

သူ ဘာမှဆက်မပြောနိုင်ခင် မျက်ရည်များကတပေါက်ပေါက်ကျဆင်းလာပြန်သည်

" ကလေးရယ်..."

Ra သူ့ကိုပွေ့ဖက်ပြီးနှစ်သိမ့်လိုက်သည် 

" ရပါတယ် အားရအောင်သာငိုချလိုက်ပါ..."

သူ ခမည်းတော်ကိုဖက်တွယ်ရင်း ရှိုက်ကြီးတငင်ငိုမိတော့သည်

" ချစ်တဲ့သူကိုလုယူခံလိုက်ရတာက အဲဒီလောက်နာကျင်ရမယ်မှန်း ကျွန်တော်တကယ်မသိခဲ့ပါဘူး..."

" အိုကွယ်..."

Ra သူ့ကျောပြင်ကိုဖွဖွလေးပုတ်ပေးလိုက်သည် အချစ်ကိုမခံစားတတ်သောနတ်ဘုရားတစ်ပါးအနေဖြင့် သည်ကလေးငယ်ကိုနှစ်သိမ့်ရန်စကားလုံးများသူ့ထံတွင်မရှိခဲ့

" အခုလိုပျော့ညံ့တဲ့ပုံစံကိုမြင်စေမိလို့ တောင်းပန်ပါတယ်ခမည်းတော်..."

" မဟုတ်တာ...မင်းကအဲဒီလို အားနည်းတဲ့ကလေးမဟုတ်ပါဘူး..."
" မဟုတ်ပါဘူး...ကျွန်တော်ကတကယ်ပျော့ညံ့တဲ့သူပါ ကျွန်တော်တကယ်ကြောက်နေခဲ့တာပါ...ဒီလိုနေ့မျိုးရောက်လာမှာကိုကျွန်တော်အကြောက်ဆုံးဖြစ်ခဲ့တာ...အခုကျွန်တော်ဘာဆက်လုပ်ရမလဲခမည်းတော်?ကျွန်တော်သူ့ကိုတကယ်အဆုံးရှုံးမခံနိုင်ဘူး သူကလွဲရင်ဘယ်သူ့ကိုမှမလိုချင်ဘူး...ကျေးဇူးပြုပြီး....ကျေးဇူးပြုပြီး ကျွန်တော့်ကိုကယ်ပါဦးခမည်းတော်ရယ်..."

Apple of my EyeWhere stories live. Discover now