Apple of my Eye (Alternative universe of Ennead)Chapter-1

244 7 4
                                    

လွန်ခဲ့သောနှစ်ပေါင်းများစွာက
Heliopolis နန်းတော်တွင် နေနတ်ဘုရားRa အုပ်ချုပ်စဥ်ကာလ...

မိမိကိုယ်ကိုဖန်ဆင်းခဲ့သော နတ်တို့၏အရှင်သခင် ဖန်ဆင်းရှင် နေနတ်ဘုရားRa...

ငယ်ရွယ်ခန့်ညားသောရုပ်ဆင်းအင်္ဂါသည် ထင်ရှားကျော်ကြားသောသူ၏ဂုဏ်သတင်းကိုထပ်ဆင့်မြှင့်တင်ပေးပြန်သည်
အီဂျစ်တွင်နေထိုင်သည့်လူသားတို့သာမကနတ်ဘုရားအပေါင်းတို့ကပါကိုးကွယ်သည့် နေနတ်အရှင်လက်ထက်တွင် တိုင်းပြည်သည်လည်းနေချင်စဖွယ်ဥယျာဥ်ကြီးပမာ...

King of gods,Ra,the Sungod

ထိုနတ်ဘုရားသည်
လနတ်ဘုရားKhunsu(ခွန်းစု)
လေနတ်ဘုရားShu(ရှု)
ရေငွေ့နတ်ဘုရားTefnut(တက်ဖ်နပ်တ်)
အမျိုးသမီးတို့၏စောင့်ရှောက်သူနတ်ဘုရားမBastet(ဘာ့စ်တတ်)
အလှတရားနှင့် အချစ်နတ်ဘုရားမHathor(ဟေသာ)
တရားမျှတမှုတို့၏နတ်ဘုရားမMa'at(မတ်တ်)
ဖျက်ဆီးခြင်းနတ်ဘုရားမSekhmet(စာ့ခ်မက်ထ်)
တို့ကို လက်ဖျောက်တစ်ချက်စီတီး၍ဖန်ဆင်းနိုင်ခဲ့သည်...

Shuနှင့်Tefnetတို့ မေတ္တာသက်ဝင်ပြီး လက်ထပ်ထိမ်းမြားခဲ့ကြသည် ထို့နောက် မြေပြင်နတ်ဘုရားGeb(ဂက်ဘ်)နှင့် ကောင်းကင်နတ်ဘုရားမNut(နတ်တ်)တို့ကိုဖွားမြင်ခဲ့လေသည်...

တရားမျှတမှုနတ်ဘုရားMa'atကိုလည်း ဉာဏ်ပညာနတ်ဘုရားThoth(သော့တ်)ကချစ်ကျွမ်းဝင်ခဲ့လေသည် Thoth၏ရှေ့ဖြစ်ဟောနိုင်စွမ်းကို သိရှိထားပြီးဖြစ်သော နေနတ်ဘုရားRaသည် သူ့အားတိုင်းပြည်ရှေ့ရေးအတွက်ဟောကိန်းထုတ်စေခဲ့သည်...

"Geb နဲ့ Nutတို့လက်ထပ်ထိမ်းမြားပြီး မွေးဖွားလာမယ့်ရင်သွေးဟာ အီဂျစ်နိုင်ငံတော်ကို အုပ်ချုပ်ရမယ့်ကံကြမ္မာပါလာပါတယ်...အဲဒီကလေးအုပ်ချုပ်ပြီးမကြာမီမှာ တိုင်းပြည်ဟာသွေးချောင်းစီးပြီး ခြောက်ခမ်းပျက်စီးပါလိမ့်မယ်...နေနတ်အရှင်ကိုယ်တိုင်မှသာအဲဒီပျက်စီးမှုတွေကိုပြန်လည်ပြုပြင်နိုင်မှာပါ...''

ဟောကိန်းကြောင့်ရုတ်တရက်တည်ငြိမ်သွားသောနေနတ်ဘုရား၏ မျက်နှာအမူအရာကြောင့်Thothခမျာ မြေကြီးထဲဝင်မတတ်ပြားပြားဝပ်၍တောင်းပန်ခဲ့သည် နီစွေးစွေးမျက်ဝန်းများထဲမှ မီးထတောက်မတတ်အရောင်အဝါလျှံထွက်နေမှုကသူ၏ဒေါသကိုဖော်ပြနေသော်လည်း ထူးဆန်းစွာပင် Thothမှာနေနတ်ဘုရား၏ဆူပူငေါက်ငမ်းခြင်းတစုံတရာကိုမခံခဲ့ရပေ

Apple of my EyeWhere stories live. Discover now