Apple of my Eye(Alternative universe of Ennead)Chapter-6

16 3 0
                                    

" ဘယ်က...ရှာတွေ့တာပါလဲ?...''

" အဲဒါကအရေးမကြီးဘူးမဟုတ်လား...ပြန်တွေ့ပြီမို့လို့လေ "

" ကလေးက ခမည်းတောနန်းဆောင်မှာနားလို့ဖြစ်ရဲ့လားဆိုတာ...''

" အေးပေါ့လေ...အငယ်‌လေးကိုစိတ်မချဖြစ်‌နေမှာပေါ့...နိုးတဲ့အထိစောင့်ခေါ်သွားမလား?...''

Raကပြုံးပြုံးရွှင်ရွှင်ပြောလိုက်သော်လည်း Osirisကချက်ချင်းမျက်နှာပျက်သွားသည်

" အဲဒီလိုသဘောမဟုတ်ပါဘူး...တောင်းပန်ပါတယ်...''

" မဟုတ်တာ...ငါကလိုအပ်သွားတာပါ...မင်းနဲ့မင်းဆရာအပေါ်ကိုလည်း‌လေသံမာမိတယ်...ဒီကလေးကိုလည်းအထင်သေးမိသလိုဖြစ်သွား
တာမို့ ငါ့ကိုလည်းခွင့်လွှတ်ပါ...ဒီနေ့မပြီးမပြတ်ခဲ့တဲ့ကိစ္စအတွက်လည်း သေသေချာချာအပြီးသတ်ပေးရမှာပေါ့..."

" ခင်ဗျာ?...''

" ရက်သတ်မှတ်ပေးပြီး မင်းနဲ့Sethကိုလက်ရည်ချင်းယှဉ်ခိုင်းမလို့ ...ငါနဲ့Shuရှေ့မှာတရားဝင်တိုက်ခိုက်ပြီး ငါတို့သင်ပြထားတာမှာဘာလိုအပ်ချက်ရှိတယ် ဘာအားသာချက်ရှိတယ်ဆိုတာ ပြပေးပါ...''

Osirisပြန်သွားပြီးနောက် သူ ခုတင်‌ဘေးမှာထိုင်ရင်းစာလိပ်များကို သေချာပြန်ဖြန့်ကြည့်နေသည်

" Tuya Attarani...‌နေမကောင်းတဲ့ကြားက အစီရင်ခံစာကြိုးကြိုးစားစားရေးပေးထားတာပဲ...ကျန်းမာရေးသတင်းမေးတဲ့စာပြန်ပို့ရမယ်...''

" အင်း...''

အိပ်ယာမှနိုးလာသောကလေးငယ်က အိပ်ချင်မူးတူး ထ ထိုင်ပြီးလက်ကိုဆန့်၍အညောင်းဖြေလိုက်သည်

" အိပ်ရေးဝပါရဲ့လားခင်ဗျာ?...''

" ဟုတ်...''

Sethက ခုတင်ပေါ်မှထလာပြီးသူ့နံဘေးရှိခုံတွင်ဝင်ထိုင်သည်

" အစ်ကိုNefertemက အဲဒီနေရာကိုခေါ်သွားဖူးတယ်...Papaစိတ်ရှုပ်
ရင်လာနေကျ‌နေရာဆိုလို့ အဲဒီမှာသွားစောင့်နေတာပါ..."

" ဒီအဖေဆီကထွက်သွားတယ်ထင်ပြီး စိတ်‌လေး‌နေခဲ့တာ...''

" သွားစရာ‌နေရာလည်းရှိဦးမှသွားလို့ရမှာပေါ့...''
Sethက သူ့လက်မောင်းကိုဖက်တွယ်လိုက်သည်

Apple of my EyeWhere stories live. Discover now