" သင်ခန်းစာတွေအကုန်ပြီးပါပြီ "
Isis ၏စကားကိုThothမကြားပဲ ပြူတင်းပေါက်အပြင်သို့ငေးကာ တွေတွေကြီးထိုင်နေမိသည်
" ဆရာ? သင်ခန်းစာတွေအကုန်လုပ်ပြီးသွားပြီလို့!”
" အော်?...အင်း ဒါဆိုနားလို့ရပြီ...မကြာခင်ခမည်းတော်က တာဝန်တွေခွဲပေးပြီး လက်တွေ့အုပ်ချုပ်ရေးလုပ်ရတော့မှာ သိတယ်မဟုတ်လား?"
" ဆရာ့ပုံစံက အဲဒါကိုမပျော်မရွှင်ဖြစ်နေသလိုပဲ..."
" ဟင်?မဟုတ်တာ...အာရုံစိုက်ရမယ့်ကိစ္စတစ်ခုရှိနေလို့ပါ သွားနားတော့လေ "
Isis ထွက်သွားပြီးအတန်ကြာသည်အထိ သူ ခေါက်တုံ့ခေါက်ပြန် အခန်းထဲလျှောက်ရင်း စဉ်းစားနေမိသည်
နောက်ဆုံး သူ ဆုံးဖြတ်ချက်ချပြီး နေနတ်ဘုရားနန်းဆောင်ဆီသို့ထွက်လာခဲ့တော့သည်..." Thoth?ဒီအချိန်ကြီးဘာကိစ္စနဲ့..."
နန်းဆောင်ရှေ့တွက်ထိုင်နေသောRaကသူ့ကိုလှမ်းမေးသည်" ခမည်းတော်..."
သူ Raကိုဂါရဝပြုပြီး စကားအစပျိုးဖို့တုံ့ဆိုင်းနေမိသည်
" ဘာလို့ကျောက်ရုပ်လိုရပ်နေရတာလဲ...လာ ဒီမှာထိုင်..."
"...ကျွန်တော်-"
" ဧကန္တ ဟောကိန်းအကြောင်းထပ်ပြောဖို့လာခဲ့တာလား?"သူ လက်သီးဆုပ်ပြီး အံကိုတင်းတင်းကြိတ်လိုက်သည်
" ခမည်းတော်...အခုလည်းနောက်မကျသေးပါဘူး...ကလေးတွေထဲကတစ်ယောက်ကို အိမ်ရှေ့စံရာထူးပေးဖို့လုပ်ထားတယ်ဆိုရင် အဲဒါကိုရုပ်သိမ်းလိုက်တာကမှန်ပါလိမ့်မယ်...မဟုတ်ရင် ခမည်းတော် -အင့်!"
Raက သူ့ပါးစပ်ကိုလက်ဖြင့်ပိတ်လိုက်သည်
" မင်းကိုဟောကိန်းဆက်မထုတ်ရဘူး ဟောကိန်းတွေအကြောင်းလည်းမပြောရဘူးလို့အမိန့်ပေးထားတယ်လေ...အရင်တစ်ခေါက်တုန်းက မင်းသေတော့မလိုဖြစ်သွားတာတောင်အမှတ်မရှိဘူးလား?!"
Thothက သူ့လက်ကိုဆွဲဖယ်ဖို့လုပ်တော့ လက်နှစ်ဖက်ကိုပါဖမ်းဆွဲထားလိုက်ရသည်
" အင့်-အင်း!!!”
Thothက သူ့လက်ထဲတွင်အတင်းရုန်းကန်နေသည်
YOU ARE READING
Apple of my Eye
FanfictionAlternative universe of Ennead Webtoon Original creator-Mojito Genre - Storge/Platonic(528 kind of love)