" ... အဲဒါက လွယ်မယ်မထင်ဘူးနော်Papa"
မနက်ဝေလီဝေလင်းအချိန်
ခမည်းတော်Ra၏အကြံပေးချက်တစ်ခုကြောင့်Sethတစ်ယောက် အိပ်ချင်မူးတူးဖြစ်နေရာမှ မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားပြီးငေါက်ကနဲထထိုင်လာသည်
" အင်း မလွယ်ဘူးပေါ့ အလေ့အကျင့်လုပ်ဖို့လိုတယ် ယုံကြည်မှုရှိဖို့လည်းလိုတယ် "
" ကျွန်တော့်သဲတွေကအခုထိဖရိုဖရဲဖြစ်နေတုန်းပဲ ပြီးတော့... တစ်ခုခုအတိမ်းအစောင်းဖြစ်သွားရင် ကျွန်တော် တစ်သက်လုံးသဲမှုန်တွေဖြစ်ပြီးနေသွားရမှာလေ... "
Sethစကားကြောင့် သူရယ်မိသည်" Papaတောင် တစ်သက်လုံးကျောက်တုံးကြီးဖြစ်မနေပါဘူးကလေးရယ်..."
" Papaနဲ့ကမတူဘူးလေ...ကျွန်တော်က..."
Seth ပြောရင်းသက်ပြင်းချပြီးခေါင်းငုံ့သွားသည်" အင်းပါကလေးရယ် ကလေးအဆင်သင့်ဖြစ်တဲ့အချိန်မှစလေ့ကျင့်လည်းဖြစ်တာပဲ...Papaလောသွားတယ် "
သူ ကလေးငယ်၏ဆံပင်များကိုသပ်တင်ပေးလိုက်သည်
" ဒီနေ့ခမည်းတော်နဲ့အမဲလိုက်ထွက်မလား?"
"...တကယ်ကြီး?!Papaအလုပ်တွေကရော? "
" တစ်ရက်လောက်အလုပ်မလုပ်တာနဲ့တော့ ဘာမှဖြစ်မသွားလောက်ဘူးမဟုတ်လား?"" ဒါပဲကွ! နေဦး ကျွန်တော် အခုလိုနေရမယ့်အချိန်မဟုတ်ဘူး ပစ္စည်းတွေထည့်ရဦးမယ် "
" မနေ့ကတည်းကလိုအပ်တာတွေသင်္ဘောပေါ်တင်ပြီးသွားပြီ "
" သင်္ဘော?...”
Seth၏မျက်ဝန်းထဲတွင်ဝမ်းသာသောအရိပ်အယောင်များဖြတ်သန်းသွားသည်" ကျွန်တော်တို့အတူတူပုံစံငယ်ဆောက်ခဲ့တဲ့ အဲဒီ..."
Raကသူ့ကိုခေါင်းညိတ်ပြသည်
" ခမည်းတော်အဲဒီကိစ္စနဲ့အလုပ်တွေများနေခဲ့မှာပဲ...ကျွန်တော့်ကိုလေ့ကျင့်ပေးတာအထိ-"
" မဟုတ်တာ...ငါ့ကလေးကဒီနိုင်ငံရဲ့ကန္တာရကိုအုပ်စိုးရမယ့်သူပဲ...အဲဒီထက်အရေးကြီးတာဘာရှိမှာလဲ?"
Sethကသက်ပြင်းချပြီးသူ့လက်မောင်းကိုလာဖက်သည်
" ကျွန်တော့်ကိုအဲဒီလောက်ထိအရေးမပေးပါနဲ့...ကျွန်တော်အကျင့်ပါသွားလိမ့်မယ် မလိုအပ်တဲ့လောဘတွေတက်မိလိမ့်မယ်"
YOU ARE READING
Apple of my Eye
FanfictionAlternative universe of Ennead Webtoon Original creator-Mojito Genre - Storge/Platonic(528 kind of love)