Apple of my Eye(Alternative universe of Ennead)Chapter-8

9 2 0
                                    

" ပါပါး...ဒဏ်ရာတွေကမနာပေမယ့်ဒီလက်ချောင်းလေးတွေအရမ်းနာနေတယ်..."

Osirisကိုအားပေးနေသောဆူညံသံများကြောင့် သူ သားတော်၏စကားကိုမနည်းနားထောင်လိုက်ရသည်

" အို့-အမလေး!"
ကလေးငယ်ကို သူ ရုတ်တရက်ကောက်ပွေ့ပြီး ကွင်းပြင်မှဝေးရာသို့လျှောက်သွားလိုက်သည်
" ငါ့ကလေးလေးပင်ပန်းသွားပြီ...သွားရအောင် ဒီခမည်းတော်က ဒဏ်ရာတွေချက်ချင်းသက်သာသွားအောင်လုပ်ပေးပါ့မယ်..."
"အဟိ ဒီညပါပါးဆီမှာပဲအိပ်တော့မယ် မနေ့ညကကျွန်တော့်နေရာကိုThothဝင်အိပ်သွားတာမကျေနပ်ဘူးနော် "
" အခု မနာလိုဖြစ်နေတာပါလား ကန္တာရနတ်ဘုရားငယ်လေး?"
" ဟုတ်ကဲ့ အရမ်းကိုမနာလိုဖြစ်နေပါတယ် နေနတ်အရှင်"
ကွင်းပြင်ထဲမှထွက်သွားသောသူတို့နှစ်ယောက်ကိုOsirisတစ်ဦးတည်းသာ သတိထားမိသည်

" ကိုကြီးကိုဂုဏ်ပြုပါတယ်!!!ဒီညဂုဏ်ပြုပွဲလုပ်မယ်မဟုတ်လား?"
Isisက သူ့အစ်ကိုကြီးကိုပွေ့ဖက်ပြီးမေးလိုက်သည်

" အဟား ဒါပေါ့...လုပ်ရမှာပေါ့...ဒါကသာမန်ပြိုင်ပွဲမှမဟုတ်တာ ငါ့သားကြီးကအနာဂတ်မှာဒီမြေကို အုပ်ချုပ်ရမယ့်သူပဲဆိုတာ အားလုံးသိအောင်ပြလိုက်တဲ့‌အခမ်းအနားဖြစ်သွားတာကို "

သူ့ဖခင်Gebကဂုဏ်ယူဝင့်ကြွားစွာပြောလိုက်သော်လည်းOsiris ပြုံးရုံသာပြုံးနိုင်သည် သူ့ခေါင်းထဲသို့မကြာသေးခင်အချိန်ကပြေးလွှားရိုက်ခတ်ခဲ့သောအရိုင်းဆန်ဆန်အတွေးများက အခုထိသူ့ကိုအနှောင့်အယှက်ပေးနေဆဲ
" Osiris...ဘာဖြစ်လို့လဲသား?"
Nutကလှမ်းမေးလိုက်သည်

" ဘာမှမဖြစ်ပါဘူးမယ်တော်..."
"Sethအတွက်စိတ်မကောင်းဖြစ်နေတာလား? သူကမင်းအတွက်ပြိုင်ဘက်လိုဖြစ်နေတာလေ မင်းလောက်အရည်အချင်းမရှိပေမယ့်ပေါ့"

"အငယ်လေးကလည်းမယ်တော့်သားပဲမဟုတ်ဘူးလား အဲဒီလိုတော့မပြောပါနဲ့"
" မင်းသူ့ကိုကြည့်နေတဲ့မျက်လုံးတွေကိုငါမမြင်ဘူးထင်လားOsiris...မင်းသူ့ကိုသတ်ချင်နေတာပါ"
မယ်တော်Nutကသူ့နားနားကပ်ပြီးတိုးတိုးပြောလိုက်သည်

" နန်းဆောင်ပြန်ပြီးအနားယူလိုက်ပါ  နေဝင်တာနဲ့ဂုဏ်ပြုပွဲစမယ်"

Apple of my EyeWhere stories live. Discover now