☕1

8.7K 514 16
                                    


<Tell me about your day>

*လူတစ်ယောက်​က တစ်နေ့တာ ကုန်ဆုံးဖို့အတွက် စက္ကန့်ပေါင်း 86400 ​ဖြတ်သန်းရတယ်။ အဲ့လောက်များတဲ့ ဂဏန်းတွေထဲကမှ 300 စက္ကန့် လောက်ပဲ ယူချင်တယ်*

တိတ်ဆိတ်နေတဲ့ အခန်းတွင်းမှာတော့ စာရိုက်နေတဲ့ တဂျောက်ဂျောက် မြည်သံများသာ ကြီးစိုးနေသည်။ပြင်ပ ပတ်ဝန်းကျင်က နေ့အချိန်ဖြစ်တာမို့ လင်းနေသော်ငြားလည်း ထိုအခန်းတွင်းရှိ အလင်းရောင်မှာ laptop မှလာသော blueray များသာ အခန်းရဲ့ မြင်ကွင်း ကိုပံ့ပိုးပေးထားသည်။ အခန်းအလင်းရောင်ရရှိစေရန် ပြတင်းပေါက်တစ်ခုရှိသော်လည်း အလင်းထွင်းဖောက်မဝင်နိုင်တဲ့ ပိတ်သားစ နဲ့ ခန်းဆီးတပ်ထားတာမို့ မည်သည့်အချိန်ပဲ ဖြစ်စေ အမှောင်ထုသာ ရောက်ရှိနေ၏။ Screen အရှေ့မှာ စာရိုက်နေရင်းနေရာယူထားသူကတော့ ရှုပ်ပွနေသော ဆံပင်တွေကို မဖြီးသင်အားပဲ ဖြစ်သလိုသာ စည်းနှောင်ထားသည်။ အတော်အတန် ထူသော မျက်မှန်ထူတစ်လက်ကို တပ်ဆင်ထားပြီး ပွယောင်းယောင်း အကျီအနက်ကို ဝတ်ဆင်ထားသည်။ ထိုင်နေသော ထိုင်ခုံရဲ့ဘေးနားက အမှိုက်ခြင်းထဲမှာတော့ စားပြီးသား မုန့်အခွံတွေ ခေါက်ဆွဲဘူးခွံတွေက ပြည့်လျှံနေသည်။ စားပွဲပေါ်တင်ထားတဲ့ ဖုန်းဆီမှ အလင်းရောင် ဖြတ်ကနဲ လင်းတာကို မြင်လိုက်တာမို့ ကြည့်လိုက်တော့ အဒေါ်ဝမ်းကွဲရဲ့ စာဖြစ်နေသည်။

'ရူဘီ အဒေါ် နောက်ထပ်တစ်ပတ်လောက် ထပ်ကြာဦးမယ် ဒီအချိန်လောက်ဆို အဒေါ်လုပ်ပေးထားတဲ့ အစားအသောက်တွေလည်းကုန်လောက်ပြီပေါ့ အဒေါ်အားနာပါတယ်သမီးရူဘီရေ'

စာက ဒီလောက်ပဲ။

နောက်ဆုံးတော့သူမ အနေနဲ့ မဖြစ်မနေ အပြင်ထွက်ရတော့မည်။ လူတွေနဲ့ စကားပြောရတော့မည်။

သူမ နာမည်က ဂျေရူဘီ အသက်ကတော့ ၂၅ ရှိပြီ။ ဒီအရွယ်ထိ ရောက်နေပြီး လူတွေနဲ့ထိတွေ့ဆက်ဆံရတာအဆင်မပြေဘူးဆိုရင်တော့ ဟုတ်တယ်ပဲဖြေရမည်။
ရူဘီ ဟာ လူတွေနဲ့စကားပြောရမှာ ကြောက်တယ်။ စားသောက်ဆိုင်မှာ order မှာယူဖို့ကိုတောင် မဝံ့ရဲဘူး။ စတိုး ဆိုင်က အရောင်းဝန်ထမ်းလေးရဲ့ ကျေးဇူးတင်စကားကိုတောင် ပြန်လည်တုံ့ပြန်ဖို့ ကြန့်ကြာနေတတ်တယ်။

Tell me about your day☕Where stories live. Discover now