HER (1)

2.6K 325 19
                                    

*သူမက ငါချစ်တဲ့ လူရိုင်းမလေးပဲ
ကြယ်တွေကြားက နက်ရှိုင်းမှုတစ်ခုပေါ့*

တစ်ယောက်ကိုတစ်ယောက် စကားမပြောပဲ စိုက်ကြည့်နေသည်မှာ အချိန်မည်မျှကြာသွားသည်မသိ သူထိုင်ဖို့ချပေးထားတဲ့ထိုင်ခုံကတော့ ရူဘီတို့နှစ်ယောက်ကြားမှာ အထီးကျန်လျက်ပင်။

အချိန်အားဖြင့် ည ၉နာရီ ထိုးလုနီးနီးဖြစ်နေပြီ။
သူပြန်ရင် နောက်ကျတော့မှာ ဒီမှာပဲ အိပ်သွားပါလား လို့ ပြောလိုက်ရင်ကောင်းမလား။

"ဟို..''

'ဟို' မှာပင် ရပ်တန့်သွားသော သူမစကားကြောင့်

"အင်း ပြောလေ''

"အိပ်သွားပါလား''

ရုတ်တရက် ကြီး ချောင်းဟန့်လိုက်သော ဂျီဆူးကြောင့် ရူဘီ သူမ စကားမှားသွားပြီလား စဥ်းစားလိုက်ရသေးသည်။ မှားတော့လည်း မမှားပါဘူး။

"မအိပ်တော့ပါဘူး ကိုယ် ပြန်တော့မှာ ဂျေရူဘီ''

"ဟုတ်''

သူမ ဂျီဆူး ကို တံခါးနားထိ လိုက်ပို့ကာ တံခါးပြန်ပိတ်မည်ကြံတော့ သူက နောက်ပြန်လှည့်လာရင်း

"ကိုယ့် ကို ပြောဖို့စကား မရှိတော့ဘူးလား ဂျေရူဘီ ''

သူ့စကားကြောင့် ရူဘီ ပြောဖို့စကားတွေကို အပြေးအလွှားစဥ်းစားသော်ငြားလည်း အဖြေထွက်မလာ။

"စဥ်းစားမနေပါနဲ့တော့ စဥ်းစားပြီးမှ ထွက်လာတာက ရင်ထဲက အလိုလို ထွက်လာတဲ့ စကားမှမဟုတ်တာ''

"သဘောကျတယ် အများကြီး ပြီးတော့ ချစ်တယ် ကားကို ဂရုစိုက်မောင်းပါ 021... ဒါက ရူဘီ့ ရဲ့ ဖုန်းနံပါတ် ဂျီ အိမ်ပြန်ရောက်ရင် sms လှမ်းပို့ပေးပါ''

ဂျေရူဘီ က တစ်ခုခုတော့ တစ်ခုခုပဲ။
ထူးဆန်းတဲ့ ကလေးမလေး။

"ဟုတ်ပြီ ဟုတ်ပြီ ကိုယ်လည်း မင်းကို သဘောကျတယ်''

လျှောက်လှမ်းတဆုံး ဂျီ့ရဲ့ ပုံရိပ် မြင်ကွင်းထဲက ပျောက်သွားတဲ့အထိ ကြည့်ပြီးမှ ရူဘီ အခန်းတံခါးကို ပိတ်လိုက်သည်။

အေးစက်သွားပြီဖြစ်တဲ့ Irish Coffee နှစ်ခွက်ကို တစ်ခါတည်း သောက်ချလိုက်သည်။ ထိုနောက်ဖန်ခွက်နှစ်ခွက်ကို သေချာဆေးကြောရင်း သူမ အိပ်ခန်းရဲ့ကုတင်ဘေးက စားပွဲပေါ်မှာ တင်ထားလိုက်သည်။ ဒီညအတွက်တော့ ရူဘီ အိပ်လို့ပျော်တော့မည်မထင်။ သူ နမ်းရှိုက်သွားသော ပါးပြင်ကို လက်ဖြင့်ကိုင်ကြည့်ရင်း

Tell me about your day☕Où les histoires vivent. Découvrez maintenant