HER(6)

2.3K 317 10
                                    

*ငါတို့ရဲ့ အိပ်မက်တွေက မတူဘူး
ဒါပေမဲ့ တူညီတဲ့ ငါတို့ရဲ့ အချစ်တွေတော့ရှိတယ်
ဒါက ဘာမဆိုရင်ဆိုင်နိုင်တဲ့ စွမ်းအားတစ်ခုပဲလေ*

"ဂျေရူဘီ''

တံခါးပေါက်ဝမှာ ရပ်ရင်း သူမကို လက်ပြနေသော ဂျီ။

"သမီး မြင်ကွင်းရှင်းသွားပြီလား''

ဆရာဝန် ကမေးနေသောကြောင့်

"ဟုတ်''

ဂျီက သူမ မျက်လုံးတွေကို မျက်မှန်လွတ်စေရန်ဆိုပြီး မျက်လုံးအထူးကုဆီ လာပြရင်း တစ်ခါတည်း Laser Eye Surgery နည်းဖြင့်ကုသလိုက်ခြင်းဖြစ်သည်။

ဆေးရုံထဲမှ နှစ်ယောက်သား လက်ချင်းတွဲရင်းထွက်လာကြသည်။

နှစ်ကာလ များစွာ မျက်မှန်ဖြင့်သာ နေသားကျခဲ့သော ရူဘီ။
ကြည်လင် ရှင်းလင်းစွာ မြင်ရသော ပတ်ဝန်းကျင်ကို ကြည့်ပြီး ကျေနပ်နေမိသည်။
လောကကြီး ကို ဘောင်ခတ်ပြီး ကြည့်ရတဲ့ အခြေအနေကနေ လွတ်မြောက်သွားခဲ့ပြီ။

" ဂျီ ဘာလို့ ခဏခဏ ရူဘီ့ဘက်ပဲ ကြည့်နေတာလဲ''

"လှလို့''

"အရင်က မျက်မှန်နဲ့ ရူဘီက မလှဘူးပေါ့''

"မဟုတ်ပါဘူး''

"ဟုတ်ပါတယ် အရင်က ပုံစံက မလှတော့ အခုမှ နည်းနည်းလေး မဆိုသလောက် ကြည့်ကောင်းတာကို မှင်သက်နေတာမလား''

ဂျေရူဘီ တောင် ရစ်တတ်နေပြီပဲ။
သိသိသာသာ ပြောင်းလဲမှုတစ်ခု။

"ဟားဟား ဂျေရူဘီ''

"ဟုတ် ရယ်စရာပါလို့လား''

"မပါပါဘူး ကိုယ်သဘောကျလို့လေ မင်းကို
အခု ကိုယ့်ရဲ့အိမ်ပဲ သွားကြမလား ကော်ဖီဖျော်တိုက်မယ် ဟော့ဒီက coffee maker က ပြီးတော့ ကိုယ့်ကို Carbonara ပြန်လုပ်ကျွေးပေါ့ ဂျေရူဘီက ''

"ဟင့်အင်း ဟိုတစ်ခါ က ကိစ္စကို ပြန်တွေးရင် စိတ်ဆိုးလို့''

"ဒီကလေးမက ကိုယ့်ကိုတောင် စိတ်ဆိုးတတ်နေပြီပေါ့ ''

"စတာပါ ဂျီ့ ကို ဘယ်လိုလုပ် စိတ်ဆိုးရက်မှာလဲ''

ဂျီက သူမမေးစေ့ကို ကိုင်ရင်း

"မင်းက စိတ်ဆိုးမှ ကိုယ်က ချော့လို့ ရမှာပေါ့ ကိုယ့်ကို ခဏခဏ စိတ်ဆိုး စိတ်ကောက် ရစ် လို့ ရတယ် ဟုတ်ပြီလား''

Tell me about your day☕Where stories live. Discover now