The Last Coffee

1.2K 120 12
                                    

"Barista တစ်​ယောက်ရဲ့ စိတ်ကို လုံး၀ ကသိက​အောက်ဖြစ်ရတဲဲ့ အချက်​တွေရှိတယ် ​ဂျေရူဘီ"

ဂျီ ကိုယ်တိုင် ရူဘီ့အတွက် သီးသန့်ပျိုး​ပေးထားတဲ့ ပန်းပင်​လေးကို ​ရေ​လောင်း​နေ​တာကို ရပ်ကာ ရူဘီ့နဲ့ ဂျီ့ရဲ့ကြား အကွာအ​​ဝေးကို ​ခြေတစ်လှမ်းလှမ်းကာ ချုံ့လိုက်သည်။
မျက်​​မှောင်​​လေးမဆိုသ​လောက်ကြုံ့ကာ အ​ပေါ်နှုတ်ခမ်း​​လေး အနည်းငယ်စူ​နေတဲ့ ဂျီဟာ ကျိန်း​သေ​ပေါက် စိတ်ဆိုးစရာတစ်ခုနှင့် ကြုံလာခဲ့သည်ထင်၏။
ဂျီ့ရဲ့ နားသယ်စပ်နားက ​ချွေးစက်​တွေကို ရူဘီ လက်ခုံနဲ့ အသာအယာပွတ်သပ်ကာ သုတ်လိုက်ရင်း

"အင်ဟင်း ​ပြောပါဦး အ​​ဒေါ်ကြီး ဂျီ "

"Cappuccino တစ်ခွက်ရဲ့ အသက်က ဘာလဲ"

"Foam milk ​ပေါ့ ဂျီရဲ့"

"အင်း ဆို​တော့ Cappuccino တစ်ခွက်ကို Foam မပါ​စေနဲ့လို့ လာမှာတာကို ဘယ်လိုမြင်လဲ"

"အယ်"

ဂျီ ထို customer ရဲ့ အမှာ​ကြောင့် ဘယ်​လောက်ထိ စိတ်​အိုက်သွားမလဲဆိုတာ ရူဘီ မှန်းဆကြည့်လို့ရသည်။ ဒါက ဂျီ့ရဲ့ sensitive point ​လေ။ ဒါနဲ့ ပတ်သတ်ပြီးလည်း ဂျီနဲ့ရူဘီကြားမှာ ပြသနာ​တွေ ရှိခဲ့​သေးတာဆို​တော့။

"အဲ့ဒီ​တော့ ဂျီက ဘယ်လို တုံ့ပြန်လိုက်လဲ"

"ကိုယ် espresso ကို steamed milk နဲ့ ​ဖျော်​ပေးလိုက်တယ်"

ရူဘီ သက်ပြင်းကို ခပ်ဖွဖွချရင်း

"​ဒါက​တော့ ဂျီက pro တစ်​ယောက် မပီသ သလို ဖြစ်သွားတာ​ပေါ့"

အသက် ၃၇နှစ်​ကျော်လို့ ၃၈နှစ်ထဲ ၀င်လာပြီဖြစ်တဲ့ ဂျီ ဟာ
အသက်နဲ့ထပ်တူမကျတဲဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတာကလွဲရင် အရင်က ဂျီ့ရဲ့ အသွင်တချို့နဲ့ စိတ်အ​ခြေအ​နေ ​ပြောင်းလဲလာသလိုပဲလို့ ရူဘီ​တော့ ထင်သည်။
မိန်းမ​တွေက အသက်ကြီးလာရင် ထိုကဲ့သို့ပဲလား မ​ပြောတတ်။ တစ်ခါကလည်း ဂျီ့ရဲ့ baristaသင်တန်းက သင်တန်းသူ တစ်​ယောက် espresso ကို expresso လို့ အသံထွက်မှားပြီး​ပြောတော့ It is espresso,not expresso လို့ ​​လေသံ ခပ်ဆတ်ဆတ် နဲ့​ပြောလိုက်တဲ့​နေ့ကစပြီး ထိုသင်တန်းသူက ​သင်တန်းလာမတက်​တော့တဲ့အထိပဲ။
မိန်းမ​တွေက ​သွေးဆုံးခါနီးရင် စိတ်အ​ပြောင်းအလဲမြန်တတ်ကြတယ် လို့ ​ပြောရ​အောင်လည်း ဂျီ့ရဲ့အသက်က ဘ၀ကအခုမှ စမှာလို့ ​ပြောလို့ရတဲဲ့ အသက်၄၀ပင် မပြည့်​သေး​​ပေ။

Tell me about your day☕Where stories live. Discover now