☕7

2K 318 18
                                    

*Irish Coffee တစ်ခွက် ရဲ့ အစပြုခြင်းဟာ ဒီလောက်ထိ ချိုမြိန်ခဲ့ရင် အမြဲတမ်း Irish Coffee ပဲ မှာသောက်မိနေတော့မှာ*

1 month later,

လူတစ်ယောက်က အကြောင်းအရာတစ်ခုကို စိတ်ထဲ ထည့်လိုက်တာ တစ်လလောက် အောက်ဆီဂျင် လုရှူရသလိုပဲ မွန်းကြပ်သွားလိုက်တာ။ အရင်တုန်းက တော့ အသေကောင် လိုပဲ ရူဘီ့ရဲ့ အခြေအနေက။ အခုတော့ ဆေးရည်စိမ်ထားတဲ့ မံမီ ရုပ်အလောင်းလိုပေါ့ အသက်ကတော့ မရှိဘူး။ဒါပေမဲ့ ခံစားချက်တွေက ဆေးရည်စိမ်ထားသလို နှလုံးသားထဲကို ယိုစိမ့်ဝင်လာပြီလေ။

အရင်က အတိုင်းပဲ အစားအသောက်တွေအတွက် အဒေါ်ဝမ်းကွဲ စီမံပေးခဲ့တဲ့ အတိုင်းစားလိုက် ကိုယ်တိုင် ကော်ဖီစေ့ကို ကြိတ်ရင်း ကော်ဖီသောက်လ်ိုက်ပေါ့။ ကဖင်း ဓာတ် လိုအပ်လို့သာ သောက်နေရတာ သူ ဖျော်ပေးတဲ့ ကော်ဖီတွေ မဟုတ်တာမို့ လျှာဖျားမှာ ဘာအရသာမှ မခံစားမိတော့။

အဟက် ရယ်တော့လည်း ရယ်ရသား ၂၅နှစ်တာလုံး ဖြတ်သန်းခဲ့တဲ့ နေ့ရက်ပေါင်းများစွာကို ၇ ရက်လောက်လေးက တိုက်စားသွားလိုက်တာ

နိစ္စဓူဝ တွေ နေရာမှာ အပို တစ်ခု ပေါင်းဖြစ်သွားခဲ့တာက လွဲရင် မိုးအုံ့တဲ့ ညနေခင်းတိုင်းကို ပိုင်ဆိုင်တဲ့ ပုံမှန် အခြေအနေလိုပဲ

မှောင်မိုက်နေသော အခန်းဟာ တမဟုတ်ချင်း လင်းထိန်းသွားတာမို့ ရူဘီ အလန့်တကြား လှည့်ကြည့်လိုက်သော ရူဘီ အသက်ကြီးလာရင် ဖြစ်လာမဲ့ ရုပ်ကို တွေ့လိုက်ရသည်။

"မေမေ''

အကြောင်းမကြားပဲ ထုံးစံအတိုင်း ရောက်ချလာပြန်သည်။
မေမေ က သူမ အခန်းကို ဝေ့ဝဲ ကြည့်ရင်း ခန်းဆီး စ တွေကို လိပ်တင်နေသည်။

"ဘာလဲ နေရောင်မခံနိုင်တဲ့ vampire လား အခုထိ လူမဖြစ်သေးဘူးပဲ''

"ဒီတစ်ခေါက် ပြန်လာတာ မြန်သားပဲ''

"နင့်ဖုန်းကို ထုတ်လိုက်စမ်း''

ထုတ်စရာမလိုဘူး ဖုန်းက laptop ဘေးနားမှာကို ဘာလုပ်ဖို့လဲ

"ဒီမှာလေ''

"ဒီနေ့ ဘယ်နှရက်လဲ ကြည့်လိုက်''

Tell me about your day☕حيث تعيش القصص. اكتشف الآن