Final

3.5K 335 26
                                    


"လူတစ်ယောက်​က တစ်နေ့တာ ကုန်ဆုံးဖို့အတွက် စက္ကန့်ပေါင်း 86400 ​ဖြတ်သန်းရတယ်။ အဲ့လောက်များတဲ့ ဂဏန်းတွေထဲကမှ 300 စက္ကန့် လောက်ပဲ ယူချင်တယ်''

"300 sec ဆိုတော့ 5min ပေါ့ 5min အတွင်း ရူဘီ့ကို ချော့မယ်ဆိုတဲ့ သဘောပေါ့''

"ဒါပေါ့''

"ဟွန်း ချော့ကြည့်ပါဦး''

ဂျီဆူး မည်သည့်စကားမှ မဆိုတော့ပဲ ဂျေရူဘီ ရဲ့ မျက်လုံးလှလှလေးတွေစိုက်ကြည့်နေလိုက်သည်။
မျက်ခွံပေါ်က မှဲ့နက်ကလေးဆီ တလှည့်
ချစ်ရတဲ့ ကြယ်တာရာ အစုအဝေးဆီတလှည့် စူးစိုက်ကြည့်ရင်းပေါ့။

ဂျီဆူးကိုလည်း သူမလေးက မျက်တောင်မခတ်တန်း ကြည့်နေတော့သည်။

"ကဲ ငါးမိနစ်ပြည့်သွားပြီ ဘယ်လိုလုပ်မလဲ အချိန်အကြာကြီး ဒီတိုင်းလေး ထိုင်ကြည့်ချင်နေသေးတာ''

"ဂျီနော်''

"စိတ်ဆိုးပြေပြီးလား''

"အစကတည်းက ပြေနေပြီးသား''

"နောက်ထပ် ငါးမိနစ်လောက် ကိုယ့်ကို ဖက်ပါဦး ဂျေရူဘီလေး''

"သူ တော်တော်တတ်''

............................

"အချစ်ကို Caffeine အနေနဲ့ တင်စားရမယ်ဆို မင်းအပေါ်ထားတဲ့ ကိုယ့်အချစ်တွေက Espresso တစ်ခွက်ပဲ''

"ဘာဖြစ်လို့လဲ''

"ကော်ဖီ အမျိုးအစားတွေထဲ Caffeine အများဆုံး ပါတာ Espresso တဲ့ အဲ့ဒီတော့ မင်းက espresso ဆို ကိုယ့်ရဲ့အချစ်က ပါဝင်တဲ့ Caffeine ပမာဏလောက် များပြားတယ်''

"စကားတတ်တဲ့ ဂျီ့ကို ဘယ်လိုဆုချမလဲ''

"ပါးပြင်ပေါ် အနမ်းတစ်ပွင့်ခြွေချပေး''

"ဟွန့် လူလည်ကြီး ဂျီ''

................................

"ကိုယ်က ကော်ဖီတွေကို ချစ်တယ်။ မင်းက ကော်ဖီစေ့ ဆို ကိုယ်က coffee maker ပဲ ဘယ်လောက် လိုက်ဖက်မှုရှိလဲ ကိုယ်တို့နှစ်ယောက်က''

"ရူဘီ့သီးသန့်ပဲ ဖြစ်ရမယ် နော် Coffee Maker က''

"အင်း မပြောတတ်ပါဘူး တခြား ကော်ဖီစေ့လေးတွေကိုလည်း လျစ်လျူ မရှုနိုင်ဘူး''

Tell me about your day☕Where stories live. Discover now