HER(5)

2K 305 25
                                    


*နတ်သမီးငယ်လေးဟာ သူအမြဲ နားခိုရာ ခြေအိတ်ကလေးထဲ ခိုအောင်းဖို့ စတင် ပျံသန်းတော့တယ်*

"ရိုဂျယ်''

လီ ရဲ့ ရုပ်အလောင်းကို ကြည့်ရင်း တသိမ့်သိမ့်ရှိုက်ငိုနေသော ရိုဂျယ် ရဲ့ ပုခုံးပေါ်ကို ဂျီဆူးလက်တင်လိုက်သည်။ တကယ်တော့ သူမရဲ့ ဝမ်းနည်းမှုဟာလည်း ရိုဂျယ်ထက် မလျော့နည်းလှ။ သို့သော် သူမအနေနဲ့ သူငယ်ချင်းဖြစ်သူကို နှစ်သိမ့်ပေးရမည်မလား။

"အဲ့ဒါကြောင့် ငါမပြောခဲ့ဘူးလား စိတ်ခံစားချက်မကောင်းဘူး လို့ အား!! "

ရိုဂျယ် က တဖြည်းဖြည်း နဲ့ သောင်းကြမ်းတဲ့ အသွင်ကို ဆောင်လာခဲ့သည်။

"ဘာကြောင့် ဘာကြောင့်မို့ လီ တစ်ယောက်ကပဲ အခုလို ဖြစ်သွားရတာလဲ သူက အပျော်တမ်း တောင်တက်သမားလည်းမဟုတ်ဘူး ဘာလို့သူ့ကျမှ''

သူမ ဖက် လှည့်ကာ ဒေါသတကြီးဆိုလာသော ရိုဂျယ့်စကားကြောင့် ဂျီဆူး စွံ့အ သွားသည်။

"နင် ဘယ်လိုပြောလိုက်တာလဲ ရိုဂျယ်''

"ငါနင့်ကို သံသယဝင်တယ် ဂျီဂျီ ''

"နင်ဆိုလိုချင်တာက ငါက လီ့ကို အဲ့လိုဖြစ်အောင် လုပ်ခဲ့တဲ့သူလား''

"နင်မှ လီ့ကို မရနိုင်တာ အဲ့တော့ သူများ မရအောင်လည်း နင်လုပ်ချင်လုပ်မှာပေါ့ အစကတည်းက ငါက နင်တို့နှစ်ယောက်ကြား လာရောက်ပြီး ဖျက်စီးတဲ့ အဖျက်သမားတစ်ယောက်လိုမျိုးနင်ထင်နေတာမလား''

"ဖြန်း!! "

ဒေါသ နှင့်အတူ ယှဥ်တွဲ ပါလာသော ရိုက်ချက်တစ်ခုကြောင့် နဂိုကတည်းကမှ အသားဖြူလှသော ရိုဂျယ်ရဲ့ပါးပြင်မှာ လက်ဝါးရာ ရဲရဲက အထင်းသားပင်။ ဒေါသကြောင့် ရိုက်ချက်လည်း ပြင်းသွားသည်။

"အနည်းဆုံးတော့ နင့်ရှေ့က လီ့ကို အားနာရင် နင်ဒီစကားကို မသုံးသင့်ဘူး လီ ရဲ့နောက်မှ နင့်ကို ခင်မိပေမဲ့ ငါ့ဘဝမှာ နင်ကလည်း အရေးအပါဆုံးလူတွေထဲက တစ်ယောက်ပဲ နင့်မှာသာ သူငယ်ချင်းစိတ်ဓာတ်ရှိရင် ငါ့အပေါ်ကိုပါ သိက္ခာ ကျစေမဲ့ အသုံးအနှုန်းကို နင်ရှောင်သင့်တယ် လီ့ကို ဆုံးရှုံးခဲ့ရလို့ ငါ့ရဲ့ ဝမ်းနည်းမှု က နင့်ကို မယှဥ်နိုင်ခဲ့ဘူးပဲ ထားဦး လျော့နည်းသွားတာတော့မရှိဘူး ငါနင့်ကို ဒီလောက်ထိ အတွေးအခေါ်နိမ့်ကျမယ်မှန်းမထင်ခဲ့ဘူး''

Tell me about your day☕Where stories live. Discover now