HER(2)

2K 314 11
                                    

*My atoms love your atoms. It's Chemistry*

"ကိုယ် မနေ့က ကိစ္စအတွက် တောင်းပန်ပါတယ် ဂျေရူဘီ''

"ဟင့်အင်း ဂျီတောင်းပန်စရာမလိုပါဘူး အဲ့ဒါက ရူဘီ့ အမှားပါ''

ကော်ဖီခွက်ထဲ ကျလုစဲ ဖြစ်နေသော ဆံချည်မျှင်တွေကို ဂျေရူဘီ ရဲ့ နားနောက်နားကို ဂျီဆူး သပ်တင်ပေးလိုက်သည်။ ဒါမျိုး ကျတော့ ဂျေရူဘီက လက်သင့်ခံသည်။ ဆံပင် ဆိုတာ အရေပြားမဟုတ်လို့ထင်ပါရဲ့။

"ကိုယ့်ကို မင်းမကြိုက်တဲ့အရာတွေ ပြောထားလေ ကိုယ်တို့တစ်ယောက်ကိုတစ်ယောက် ပွင့်လင်းလို့ရပါတယ်''

ကော်ဖီက အရသာ ရှိတယ်။ ကြိတ်ထားပြီးသား ကော်ဖီမှုန့်တွေကို အရည်ဖျော်ပြီး နွားနို့ အနည်းငယ်ပဲထည့်ထားရုံဆိုပေမဲ့ အရသာရှိနေပြန်ရော။ပြောစရာမလိုပါဘူး သူ့လက်ရာပါပဲ။
သူနဲ့ ရူဘီက ရူဘီ့ရဲ့တိုက်ခန်းက မီးဖိုခန်းထဲမှာ စကားပြောနေကြခြင်းဖြစ်သည်။

"ဂျီ နဲ့ ကော်ဖီက လွဲရင် ရူဘီကြိုက်တာ သိပ်မရှိဘူး''

မေးခွန်းအတွက် အဖြေက တူသလိုလိုနှင့် လုံးဝ ကွဲသွားသည်။

"ကိုယ်တစ်ခု ​ပြောပြမယ် နားထောင်မလား''

"ဟုတ်''

သူထိုင်ဖို့ ခုံမရှိတာမို့ ဂျီဆူး ရူဘီ့ဘေးနားမှာ ရပ်ရင်းကော်ဖီခွက်တင်ထားတဲ့ စားပွဲရှည်ကို မှီလိုက်သည်။

"မင်းနဲ့ ကိုယ် movie တစ်ခုခုကြည့်ဖို့ dateကြမယ်ဆိုပါစို့ ကိုယ်က ကိုယ်ကြိုက်တဲ့ ဇာတ်လမ်းရဲ့ Ticketကိုပဲ ဝယ်ပြီး မင်းနဲ့ ကြည့်တာနဲ့ ကိုယ်တို့နှစ်ယောက်စလုံး ကြည့်ချင်တဲ့ဇာတ်လမ်းကိုအတူတူရွေးကြရင်း လက်မှတ်ဝယ်တာ အဲ့နှစ်ခုမှာ ဘယ်တစ်ခုက ပိုကောင်းမယ်လို့ထင်လဲ''

တကယ်တော့ ရူဘီက ရုပ်ရှင်ကြည့်ရတာ မကြိုက်ဘူး

"ဒုတိယ တစ်ခုက ပိုကောင်းတယ် ဂျီ''

"အင်း ကိုယ်ပြောချင်တာက ကိုယ်တို့ရဲ့ relationship က ဇာတ်လမ်းတစ်ပုဒ်ဆိုရင် ကိုယ်တစ်ယောက်တည်းကပဲ ဒီဇာတ်လမ်း ကို ကြည့်ဖို့ လက်မှတ်မဖြတ်သင့်ဘူးမလား''

သြော် ဂျီ ဆိုလိုချင်တာက ဒီလိုကိုး။

"ဟုတ်''

Tell me about your day☕Where stories live. Discover now