☕2

3K 389 18
                                    

*အချစ်ကို Caffeine အနေနဲ့ တင်စားရမယ်ဆို မင်းအပေါ်ထားတဲ့ ငါ့အချစ်တွေက Espresso တစ်ခွက်ပဲ*

အပြာရောင်တို့ဖြင့် ရေးခြယ်ထားသော တစ်ထပ်တိုက်ပုကလေးဟာ ပတ်ဝန်းကျင်၌ ရှိသော အိမ်ကြီးတွေနှင့်နှိုင်းယှဥ်မည်ဆိုပါက သေးသိမ်နေမည်မှာ မလွဲပင်။ သို့သော် တစ်ယောက်တည်း နေထိုင်သည့် ဂျီဆူးအတွက် ထို တစ်ထပ်တိုက်ပုကလေး ကပင်ရွှေနန်းတော်ကဲ့သို့ ခမ်းနားလွန်းသည်။ အပြင်ပန်းကကြည့်လျှင် ဘာမှမဟုတ်သော်လည်း ခြံထဲကို ခြေစလှမ်းလိုက်တာနှင့် နှင်းဆီပန်းအိုးများက လျှောက်လမ်းတစ်လျှောက် အစီအရီရှိနေသည်။ လျှောက်လမ်းက ကားတစ်စီး ဝင်ဆံ့ရုံ ကျယ်တာမို့ သူမရဲ့ အနက်ရောင် Café Truck ကိုလည်း အတူယှဥ်တွဲတွေ့မြင်နိုင်သည်။

အချိန်ကာလအားဖြင့် ညနေ နေမင်း ဝပ်တွားတော့မည့် အချိန်ဖြစ်သည်။ သူမရဲ့ တိုက်အိမ်ထဲမှာ ဂျီဆူးတစ်ယောက် Dracaena အပင်တွေ နဲ့ အလုပ်ရှုပ်နေသည်။ အိမ်အပြန်လမ်းမှာ အမယ်အို တစ်ယောက်က လမ်းဘေးတစ်နေရာမှာ ချရောင်းနေတာကို တွေ့လိုက်တာမို့ ကျန်ရှိနေသော ပန်းအိုး ၉အိုး ကို Truck ကားနဲ့ သယ်ချလာလိုက်သည်။

ဂျီဆူးရဲ့ အိမ်ထဲမှာ Indoor Plants တွေက မနည်းမနောပင်။ အိမ်ထဲ အပင်စိုက်တာက နေ့အချိန်ကာလအတွက် ကောင်းသော်လည်း ညကာလမှာတော့ ကာဗွန်ဒိုင်အောက်ဆိုဒ် ကို အပင်တွေက ပြန်ထုတ်တာမို့ သူမ မှာ သေချာစီမံနေရသည်။

ဒီလောကကြီးမှာ ဂျီဆူး အတွက် မလှတဲ့အရာတွေဟာ မရှိသလောက်ပဲ။ အလှ ဆိုတာကို တချို့သော သူတွေက မည်သို့သတ်မှတ်ကြမည်မသိ။ ဂျီဆူးအတွက်ကတော့ အပင်တွေကလည်း လှတယ်။ ဆော့ကစားနေတဲ့ကလေးတွေကို မြင်ရတာလည်း လှတာပဲ။ ယုတ်စွ အဆုံး လမ်းဘေး ခွေးလေလွင့်တစ်ကောင်က အစာထုတ်ချီနေတဲ့ မြင်ကွင်းတောင် ဂျီဆူးအတွက် လှနေတာမျိုးပင်။

ဂျီဆူးက နံနက်ခင်း၈နာရီ ခွဲဆိုတာနဲ့ သူမရဲ့ အိမ်ကနေဆမ်းရှင်းအိမ်ရာဆီ Truck ကားကို ဦးတည်တော့တာပဲ။

လောက မှာ ကော်ဖီကို အများဆုံး သောက်သုံးတဲ့ လူတန်းစားဆို လူလတ်တန်းစားတွေက ပိုများသည်။
ဆင်းရဲတဲ့ အောက်ဆုံးလွှာက လူတွေလည်း ကော်ဖီကြိုက်ကြမှာပါပဲ။ သို့ပေမဲ့ ကော်ဖီတစ်ခွက်ရဲ့ နှုန်းထားက သူတို့ရဲ့ ရရှိလာတဲ့ ဝင်ငွေ စံနှုန်းနဲ့အချိုးအစားမညီလောက်ဟု ဂျီဆူးကတော့ထင်သည်။
ဂျီဆူးအနေနဲ့ ဆမ်းရှင်း အိမ်ရာကို ရွေးချယ်ရသည့်အကြောင်းအရင်းကတော့ လူလတ်တန်းစားအိမ်ရာဖြစ်နေလို့ပါပဲ။ နောက်ပြီးတော့ နံနက်ခင်းရုံးသွားကြသည့်သူတွေများသည်။ ဘတ်စ်ကား မှတ်တိုင်နှင့်လည်း နီးတာမို့ ဂျီဆူး အနေနှင့် ရောင်းရမည်မှာ မလွဲပင်။ တကယ်လည်း ဂျီဆူးရဲ့ တွက်ကိန်းက မှန်ပါသည်။

Tell me about your day☕Where stories live. Discover now