☕4

2.2K 342 10
                                    

*ကော်ဖီသောက်တဲ့သူတွေက ခမ်းနားတယ်ဆိုတာ မင်းယုံလား။ ကိုယ် ဥပမာအနေနဲ့ ညွှန်းဆိုပြရရင် မင်းပေါ့*

"လီ သတိထားနော် ရေခဲတွေက ချောနေတာ ကျောက်ဆူးတွေကရော ချွန်ရဲ့လား ရိုဂျယ် စိတ်မချဘူး''

"သြော် ကိုယ့်ရဲ့ အချစ်ကလေးကလည်း လီ က အမြဲတမ်း တက်နေကြပဲလေ နောက်ပြီး ဒါက ကိုယ့်ရဲ့ အလုပ်ပဲကို''

"လီ ကျွမ်းကျင်မှန်း ရိုဂျယ် သိတာပဲလေ ဒါပေမဲ့ ဒီနေ့ရဲ့ အပူချိန်က တိုးနေတော့ ရေခဲတွေ တချို့က အရည်ပျော်ကြချင်ပြီလေ ဂျီဂျီ နင့်သူငယ်ချင်းကိုလည်း နင်လာပြောပါဦးဟယ်''

နှစ်ယောက်သား စကားဝိုင်းကို ဘေးကနေ နားထောင်ပေးနေရတဲ့ ဂျီဆူးကပါ ရောက်ရှိလာသည်။ သူတို့နှစ်ယောက်က အဲ့ဒီလိုပဲ တစ်ယောက်နဲ့တစ်ယောက် ပြောမနိုင်တော့ရင် ဂျီဆူး ကိုပဲ စစ်ကူတောင်းနေကြ။

ဒီတစ်ခါ တော့ လီ ဖက်ကပဲ သူမ ပါရလိမ့်မည်။ လီရဲ့အလုပ်က Professional Mountaineer။ အပျော်တမ်း တောင်တက်သမားတို့ တောင်တက်ရတာ သဘောကျတဲ့ သူတွေအတွက် Guide အနေနဲ့ တာဝန်ယူရသည့်အလုပ်မျိုးပင်။ အန္တရာယ် များသည်ဆိုသော်လည်း လီက ဒီအလုပ်ကို အသက်၂၀ ကတည်းက စလုပ်နေသည်မို့ အခုဆို ၅နှစ်တာ ကာလပင် ကျော်လွန်ခဲ့ပြီဖြစ်သည်။ ရိုဂျယ် က အမြဲ ထိုကဲ့သို့ပင် လီ တောင်တက်သည့်နေ့တိုင်း မတက်ပါနဲ့ ဒီနေ့ ရိုဂျယ် စိတ်ခံစားချက်မကောင်းဘူး။ ရာသီဥတုက ဘယ်လို စသဖြင့် ပြောဆိုခဲ့တာ သူတို့နှစ်ယောက် ချစ်သူ မဖြစ်ခင် သူငယ်ချင်းဘဝ ကတည်းကပင်။

ဂျီဆူး ရိုဂျယ် လီ တို့ သုံးယောက်က အလယ်တန်းထဲက သူငယ်ချင်း တွေဖြစ်ခဲ့ကြတာ။ တကယ်က ရိုဂျယ် ထက် အရင် ဂျီဆူး နဲ့ လီ က အရင်ခင်ခဲ့ကြတာ။ အရင်တုန်းက သူငယ်ချင်း ဆိုသော်လည်း အရွယ်တစ်ခုရလာတဲ့အခါမှာတော့ အဖြူရောင် လေးဟာ အရောင်တချို့စွန်းထင်းလာခဲ့သည်။ သို့သော် ဂျီဆူး ကတော့ သူမရဲ့ အရောင်စွန်းထင်းမှုကို သူငယ်ချင်း တွေ မမြင်အောင် ဖုံးကွယ်နိုင်ခဲ့သည်။ ဘာလို့ဆို လီနဲ့ရိုဂျယ်က တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတဲ့ ချစ်သူတွေ ဖြစ်နေခဲ့လို့ပါပဲ။

Tell me about your day☕Where stories live. Discover now