Special Episode~

4.9K 424 25
                                    

ကောက်ရိုးဦးထုပ် ခပ်ကြီးကြီးထဲကို ဆံပင်ရှည်တွေ ထိုးသိပ်ထားတာမို့ ဦးထုပ် ကြီးထဲ မဝင်ချင်တဲ့ ဆံပင်တချို့က ဆန္ဒ ပြကာ နားသယ်စပ်နားမှာ ကျလုလု ဖြစ်နေသည်။ အနက်ရောင် ဘွတ်ဖိနပ်ရှည် က ဒူးခေါင်း အရင်းနားထိပင်ရောက်ရှိနေသည်။ တစ်ဖက်က ဥယျာဥ်သုံး ကတ်ကြေးတစ်လက်ကို ကိုင်ထားပြီး ဆန့်ကျင်ဖက် လက်မှာတော့ အနှောင့်အယှက်ပေးတဲ့ ပိုးကောင်တွေကို သတ်ဖို့ ဖြန်ဆေးတစ်ဘူးကို ကိုင်ဆောင်ထားသည်။ ကော်ဖီဆိုင် မှာဆို beret ကို နေ့စဥ်လိုလို ဆောင်းထားလေ့ရှိပြီး အကျီအဖြူ ကော်လံအထောင်နှင့် အမြဲ သပ်ရပ်သန့်ရှင်းသော Barista ဂျီ ဟာ သူ့ရဲ့ ပန်းခင်းထဲ ရောက်သွားချိန်မှာတော့ အဒေါ်ကြီး တစ်ယောက်အသွင်ကို ချက်ချင်းပြောင်းသွားသည်။

"Hello အဒေါ်ကြီး ဂျီ''

ဂျီဆူး အနားကို လက်နှစ်ဖက်နောက်ပစ်ရင်း ရောက်လာသော ဂျေရူဘီဟာ နေ့ရက်တိုင်းလိုလို မပျက်မကွက် ဂျီဆူးကို အဒေါ်ကြီး ဂျီ ဆိုပြီး လာ စနေကျ။

"ဘာအလို ရှိပါသလဲ သခင်မလေး ဂျေရူဘီ''

သူ့ကို သခင်မလေး လို့ ဂျီဆူးက ပြန်သုံးနှုန်းလိုက်ရင် သဘောကျလုံးမဆုံး။

"အဒေါ်ကြီးဂျီ အချိန်လည်း ကြည့်ဦးလေ မွန်းတည့်တော့မယ် နေ့လည်စာ မစားတော့ဘူးလား''

နေမင်းဟာ တဖြည်းဖြည်း နဲ့ ခေါင်းတည့်တည့်သို့ရောက်ရှိလာနေပြီဖြစ်သည်။

"အင်း......''

ဂျီဆူး သံရှည်ဆွဲလိုက်တော့ဂျေရူဘီက စိတ်မရှည်စွာ

"ဂျီ နော် သူများ အလှည့်တုန်းကျတော့ အော်ခဲ့ပြီးတော့''

"အော်ဟော် မစားဘူးလို့ မပြောပါဘူး စဥ်းစားနေတာလေ ဒီနေ့ ကိုယ့်ရဲ့ ဂျေရူဘီ လေး က ဘာmenu တွေများပြင်ဆင်ထားသလဲလို့''

"အရင်နေ့တွေက ထက် ပိုပြီးတော့ အရသာ ရှိတယ်''

ဂျေရူဘီ့ အပြောကြောင့် ဂျီဆူး မျက်ခုံးလှုပ်သွားသည်။
ဂျေရူဘီက အခုတလော ချက်ပြုတ်ရတာကို တော်တော်လေး ဝါသနာပါနေတာ။ ဒါပေမဲ့ သူဝါသနာပါတဲ့ ချက်ပြုတ်နည်းက Recipes အတိအကျနဲ့ ချက်ပြုတ်တာ မဟုတ်ပဲ သူ့စိတ်ကူးပေါက်ရာ အသစ်အဆန်းတွေ ထွင်ပြီး ချက်ပြုတ်နေသောကြောင့်။

Tell me about your day☕Nơi câu chuyện tồn tại. Hãy khám phá bây giờ