☕5

2.3K 344 28
                                    

*ကိုယ်က မှော်ပညာကို မယုံကြည်ဘူးလို့ပြောတော့ မှော်ဆရာက ပြုံးပြတယ်။ ပြီးတော့ ကိုယ့်ကိုပြောတယ် မင်း သူမကို မမြင်ဖူးသေးလို့ပါတဲ့*

ကော်ဖီဆိုင် မဖွင့်ခင် ခပ်စောစော ထွက်ကာ ဘုရားကျောင်းကို ဂျီဆူး မောင်းနှင်လိုက်သည်။
ဆုတောင်းရမယ် ဝတ်ပြုရမယ်။
ရိုဂျယ် နဲ့ ရှိခဲ့တုန်းကဆို ဂျီဆူးဟာ ဘုရားကျောင်းကို မပျက်မကွက်ရောက်ရှိခဲ့သည်။ နောက်ပိုင်းမှာတော့ သူမ စိတ်အဆင်မပြေတဲ့ အချိန်မှသာ သွားဖြစ်နေခဲ့သည်။

"မလာဖြစ်တာတောင် ကြာပြီပဲ''

"ဟုတ်တယ် ဖာသာ ကျွန်မ အဲ့ဒီအိပ်မက် ပြန်မက်လို့''

ဘုရားကျောင်းက ခုံတန်းရှည်ရဲ့တစ်ဖက်အစွန်းနားမှာ ဂျီဆူးက ထိုင်ပြီးတော့ ဖာသာ ကတော့ ဂျီဆူးရဲ့ လမ်းနှစ်ကမ်း အကွာမှာထိုင်နေသည်။ ၂၂နှစ်အရွယ်ကတည်းက သိခဲ့ကြတာမို့ သူမနဲ့ ဖာသာ ရဲ့ ရင်းနှီးမှုဟာ အချိန်ကာလ အတော်ကြာခဲ့ပြီဖြစ်သည်။ နောက်ပြီး ဖာသာ ရဲ့ စကားတွေကြောင့်လည်း သူမ ခုထိ ရှင်သန်နေခဲ့တာ။

"ပုံစံ ကြည့်ရတာတော့ အရင်ကထက် ပိုပြီး Healing လုပ်နိုင်ပြီထင်တယ်''

"ဖာသာ ပြောသလိုပေါ့ လက်ခံမလား ပြောင်းလဲမလား ထားခဲ့မလား ကျွန်မ ဒါကို ထားခဲ့ဖို့ အဆင်သင့်မဖြစ်သေးတာမို့ ပြောင်းလဲနိုင်ဖို့ကို ကြိုးစားနေတယ်''

ဖာသာ က သူမ အဖြေကို သဘောကျစွာ ပြုံးသည်။

"ရိုဂျယ်ရော အရင်အတိုင်းပဲလား''

"သူ့ဘဝထဲမှာ ကျွန်မရော လီ ရော မရှိတော့တာက လွဲရင် သူက အဆင်ပြေစွာနဲ့ဖြတ်သန်းနေပါတယ် ကျွန်မလည်း သူ့လို ဖြစ်ချင်တယ် တစ်ခါတလေတော့''

"ပြန်ရေးဆွဲလို့ မရတော့တဲ့ အမှတ်တရ တွေကိုတော့ ရိုဂျယ် မပိုင်ဆိုင်နိုင်တော့ပါဘူး''

"အမှတ်တရတွေက နာကျင်စေတယ် ဖာသာ''

"ဒါပေမဲ့ ပျော်ခဲ့ရတဲ့ အခိုက်အတန့်တွေကို ထွေးပွေ့ထားနိုင်တယ်လေ''

"ကျွန်မ ရှေ့ဆက်ပြီးဖြတ်သန်းနိုင်ပမလား''

"ဂျီဆူး ဖြတ်သန်းနိုင်မယ်ဆိုတာ ဖာသာ ယုံကြည်ခဲ့တယ် ယုံကြည်တဲ့အတိုင်းလည်း ဖြစ်လာတယ်
၇နှစ်
မှတ်ထား ဂျီဆူး ၇ နှစ်ရှိခဲ့ပြီ''

Tell me about your day☕Where stories live. Discover now