HER(3)

2K 312 19
                                    

*တိမ်မည်းတွေ နောက်ကွယ်မှာ ပုန်းလျှိုးနေတဲ့ နေမင်းကိုတောက်ပစေချင်သလိုပဲ မင်းကိုလည်း တောက်ပမှုတွေနဲ့ ပြည့်နှက်စေဖို့ ကိုယ်ကတိပေးတယ်*

ဂျီဆူး ပြောထားတဲ့အတိုင်း ဒီတစ်ပတ် နားရက်မှာတော့ နှစ်ယောက်သား ပန်းချီပြခန်းကိုရောက်ရှိနေကြသည်။ ချစ်သူနှစ်ဦးဟာ များသောအားဖြင့် တူညီတဲ့ အရာလေးတွေ ဝတ်ဆင်လေ့ရှိကြတယ်။ ဘာလို့လဲဆို သူတို့ရဲ့စိတ်တွေဟာလည်း တစ်ယောက်နဲ့တစ်ယောက် ထပ်တူညီကြောင်းပြချင်ကြလို့ပေါ့။ ဒါပေမဲ့ ဒီနေ့ ဂျီဆူးနဲ့ ဂျေရူဘီ ဝတ်ဆင်လာတဲ့ ပုံစံတွေက တကယ်ကိုမှ ဆန့်ကျင်ဖက် အသွင်ကို ဆောင်နေကြတယ်။

ဂျေရူဘီ ကတော့ သူ့ရဲ့ မူပိုင် တစ်ကိုယ်လုံး အနက်ရောင် ဝတ်စုံနဲ့ပဲ
ဝတ်စုံသာ အနက်ရောင်ဖြစ်နေတာ သူစီးထားတဲ့ sneaker ကတော့ အဖြူရောင်။
ဂျီဆူးကတော့ အဖြူရောင် ရှပ်အင်္ကျီကို လက်ခေါက်ဝတ်ဆင်ထားပြီး အပြာရောင်ခပ်ဖျော့ဖျော့ ဂျင်းကို အင်္ကျီပေါ်မှ ထပ်ကာ ဝတ်ဆင်ထားသည်။
စီးထားတဲ့ ဖိနပ်ကတော့ ဂျေရူဘီနဲ့ ဆန့်ကျင်စွာ အနက်ရောင် ကြိုးသိုင်းဖိနပ်လေး။

သူမတို့နှစ်ယောက်ရဲ့ ဝတ်စုံတွေကို ဂျီဆူးကြည့်ရင်း
ရယ်မိလိုက်သေးသည်။ တူညီတဲ့နေရာ တစ်နေရာမှမရှိ။

ဂျေရူဘီကတော့ တကယ် လက်ဗလာနဲ့ပဲ
ဘာမှမပါဘူးလား ဂျီဆူးမေးကြည့်တော့ သူ့ဘောင်းဘီ အနက်ရောင်အပွ အိတ်ကပ်ထဲမှ ဖုန်းနဲ့ ခေါက်ပိုက်ဆံအိတ်အပါး ကို ထုတ်ပြသည်။

သူပဲ လွတ်လပ်ပေါ့ပါးလိုက်တာဟု ဂျီဆူး တွေးလိုက်သည်။

ဂျီဆူးကတော့ သူ့အတွက် ကော်ဖီအေး ထည့်ထားတဲ့ ဘူးတစ်ဘူးရယ် မျက်မှန်သုတ်ဖို့ အဝတ်စ သန့်သန့်ရယ်(သူက တကယ် မျက်မှန်ကို သူဝတ်ထားတဲ့အကျီနဲ့ပဲ ဖြစ်သလို သုတ်ပစ်နေတာကို ဂျီဆူးခဏခဏမြင်ဖူးနေသောကြောင့်ပင်) ပြီးတော့ တခြား တိုလီမုတ်စလေးတွေပါထည့်လာတဲ့ အိတ်ကို ပုခုံးပေါ်ကနေ ကြိုးကို ခပ်ရှည်ရှည်ချကာ လွယ်ထားလိုက်သည်။

ပန်းချီပြခန်းမှာ လူတွေက အများကြီးတော့ ရှိမနေ တချို့ပန်းချီကားတွေရဲ့ရှေ့မှာတော့ သုံးလေးယောက်ထက် မနည်းကြည့်နေတဲ့သူတွေတော့ရှိကြသည်။

Tell me about your day☕Where stories live. Discover now