နဂါးစစ်သည်များနှင့် တတိယပြည်တော်စစ်ပွဲ

1.6K 209 1
                                    

Zawgyi Ver

တလောကလုံးကလူတွေ မယုံကြည်ဘူးဆိုရင်တောင် ချစ်ရသူတစ်ဦးကပဲ သူကို့ယုံကြည်ပေးရင် ဖြစ်တယ်။
အခုတော့ ချစ်ရသူက သူပြောတာကို နားပင် မထောင်။
ချစ်ရသူကမှ ယုံကြည်မပေးရင် ဘယ်သူက သူ့ကို ယုံကြည်ပေးတော့မှာလဲ။
သူကိုယ်တိုင်ကလည်း အဲ့ကိစ္စနဲ့ပက်သက်ပြီး ပြောပြချင်စိတ်မရှိတော့။

စန္ဒာယက သုဒတ္တနဲ့ လိုက်လာပြီးနောက် ပထမဆုံးသော နောင်တ တစ်ခုကို ရခဲ့တယ်။
အခုဆို နန်းတော်ထဲမှာ ချစ်ရသူနဲ့ သူမဟုတ်တဲ့ တစ်ခြားသူတစ်ယောက်ရဲ့ မင်္ဂလာပွဲအတွက် ပြင်ဆင်နေကြသည်မှာ တခမ်းတနား။
သူ့ကိုတော့ ဘယ်သူကမှ အရေးမလုပ်သလို ရှိတယ်တောင်မမှတ်ကြ။

အင်းလေ သူယုံကြည်ပြီး လိုက်လာခဲ့ရတဲ့ တစ်ဦးတည်းသောသူကတောင် သူ့ကို အရေးမလုပ်တော့တာ။

စန္ဒာယမင်းသားက မင်္ဂလာပွဲအခမ်းအနားကို စိတ်လွတ်နေသူလိုမျိုး ကြည့်နေမိတယ်။
မင်းကြီးရဲ့ဘေးမှာက သူမဟုတ်တဲ့ တစ်ခြားအမျိုးသမီးတစ်ယောက်ရပ်နေတယ်။ အဲ့နေရာက သူပဲဖြစ်သင့်တာ မဟုတ်ဘူးလား။ ဒီမြင်ကွင်းက သူ့ရဲ့ နှလုံးသားကို အပ်နဲ့တစပ်စပ် ထိုးနေသလိုမျိုး သွေးစိမ်းရှင်ရှင် ထွက်လောက်အောင်ကို နာကျင်စေတယ်။

" ဟိုမှာ ကြည့်စမ်း ဘာလာလုပ်တာလဲ မသိဘူး
သူမို့လို နန်းဆောင်ထဲက ထွက်လာရဲတယ် "

" ဟုတ်ပါ့တော် မင်္ဂလာပွဲကို တစ်ခုခု နှောင့်ယှက်ဖို့တော့ မဟုတ်ဘူးမလား သေချာစောင့်ကြည့်ကြ "

သူကို့မကြားတကြားပြောနေကြတဲ့ စကားသံတွေကိုရော သူ့ရှေ့က မြင်ကွင်းကိုပါ လုံးဝ မကြည့်နိုင်တော့လို့ သူ့ရဲ့ နန်းဆောင်ကိုပဲ ပြန်ခဲ့တယ်။
သုဒတ္တ မင်းကြီးကို ချစ်နေတာသာ မဟုတ်ခဲ့ရင် သူနဲ့ စိမ်းပြီး အသားမကျဘဲ သူ့ကို အလိုမရှိတဲ့ ပတ်ဝန်းကျင်ကို နေစရာဘာအကြောင်းမှ မရှိ။

နန်းဆောင်ထဲမှာ ရောက်ရောက်ချင်း 'ရွှေဆွဲ' က သူ့အပေါ်ကို တက်လာတယ်။
အခုချိန်မှာ သူ့ရဲ့ တစ်ဦးတည်းသော အဖော်ကတော့ မြစိမ်းရောင် မြွေနဂါးလေးပဲရှိတယ်။

Revenge Of The Snake PrinceWo Geschichten leben. Entdecke jetzt